SJ WorldNews - шаблон joomla Авто

ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂမှဗြိတိန် နုတ်ထွက်မည့်ရက်ကို ထပ်တိုးမည်မဟုတ်

Wednesday, 11 September 2019 10:32 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ နိုင်ငံရေး

 ဥရောပသဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက် မည့်ရက်ကို ထပ်တိုးရန်တောင်းဆိုမည်မဟုတ် ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က စက်တင်ဘာ ၁၀ ရက်တွင်ပြောသည်။

ဗြိတိန်နုတ်ထွက်ရေးအတွက် အစိုးရက ဥရောပခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးမှုများကိုဆက်လုပ်မည်ဖြစ်ပြီး တစ်ချိန် တည်းမှာပင် သဘောတူညီချက်မချမှတ်နိုင် ဘဲနုတ်ထွက်ရေးအတွက်လည်း ပြင်ဆင်ထား ကြောင်း၊ ထို့ကြောင့် နုတ်ထွက်မည့်ရက်ကို သက်တမ်းတိုးမည်မဟုတ်ကြောင်း ဘောရစ် ဂျွန်ဆင်က လွှတ်တော်သို့ပြောသည်။

ဗြိတိန် အစိုးရအနေဖြင့် ဥရောပသမဂနုတ်ထွက်ရေး သဘောတူညီချက် တစ်ရပ်ကို ချမှတ်နိုင်ခြင်းမရှိပါက ဘောရစ် ဂျွန်ဆင် နုတ်ထွက်ရမည့်ကာလကို ၂၀၂၀ ပြည့်နှစ် အထိတိုးမြှင့်ရန် တောင်းဆိုထားသည့် မူကြမ်း တစ်ရပ် အသက် ၀င်လာပြီးနောက် နာရီပိုင်း အကြာတွင်    ၀န်ကြီးချုပ်က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။  

ဘောရစ်ဂျွန်ဆင်အနေဖြင့် ဥရောပသမဂ်္ဂ မှ နုတ်ထွက်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍  ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေ အနေကို ဖြတ်ကျော်နိုင်ရန် နိုင်ငံအတွင်း၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို တင်သွင်းရာ လွှတ်တော် အမတ် စုစုပေါင်း ၆၅၀ အနက် ၂၉၃ ဦးကသာ ထောက်ခံခြင်းကြောင့် ၎င်း၏ အဆိုပြုချက်မှာ သီတင်းပတ် တစ်ပတ်အတွင်း  ဒုတိယမြောက် ပယ်ချခံရကြောင်း သိရသည်။                

Ref: Reuters

Read 7 times Last modified on Wednesday, 11 September 2019 10:33