SJ WorldNews - шаблон joomla Авто

သြစတြေးလျ၌ တောမီးများ လောင်ကျွမ်းမှုကြောင့် ဒေသခံ ရာပေါင်းများစွာ နေအိမ်များ စွန့်ခွာ ထွက်ပြေး

Wednesday, 11 September 2019 11:54 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ၊ သဘာဝဘေး

သြစတြေးလျနိုင်ငံ ကွင်းစလန်းနှင့်နယူး ဆောက်ဝေးပြည်နယ်တို့ရှိ ဒေသအချို့၌ တောမီးလောင်မှုများကြောင့် ဒေသခံ ပြည်သူ ရာပေါင်းများစွာမှာ    နေအိမ်များစွန့်ခွာ ထွက်ပြေးရကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်တွင်ပြော သည်။

အဆိုပါပြည်နယ်နှစ်ခု၌ စက်တင်ဘာ ၉ ရက်မှစ၍ တောမီးလောင်ခြင်းဖြစ်ပြီး လေထန်မှုကြောင့် မီးလောင်သည့်နေရာ ၁၄၀ ခန့်အထိ  မြင့်တက်လာကြောင်း၊ မီးလောင်မှုအချို့မှာ ထိန်းသိမ်းမရသည့် အခြေအနေတွင် ရှိနေပြီး သစ်တော ဟက်တာ ထောင်ပေါင်းများစွာ မီးလောင်ပျက်စီး သွားကြောင်း သိရသည်။ တောမီးလောင်မှုများ အနက် ရှစ်ခုသည်ရှို့ မီးဟု ယူဆရသောကြောင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ကွင်းစလန်းပြည်နယ် ရဲမင်းကြီး  ကက်ထ ရီနာ ကာရိုက သတင်းထောက်များ ကိုပြောသည်။

ဖြစ်ပွားသည့်တောမီးလောင်မှုများ အနက် အချို့မှာ  ကလေးငယ်များ ဆော့ကစားမှုကြောင့်ဖြစ်ပြီး  အချို့မှာ မလိုမုန်း ထားမှုကြောင့် တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။  တောမီးလောင်မှုများကြောင့် ကွင်းစလန်း ပြည်နယ် တစ်ခုတည်းမှာပင် နေအိမ် ၈၄လုံး ပျက်စီးသွားပြီး  ဒေသခံ ၄၀၀ခန့်မှာ ကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံ နေရသည်။    

Ref: Reuters

Read 15 times Last modified on Wednesday, 11 September 2019 11:55