SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ တောမီးလောင်မှု ပိုမိုပြင်းထန်လာ

Friday, 13 September 2019 10:12 font size decrease font size decrease font size increase font size increase font size

ပီကန်ဘာရူ၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံရှိ မိုးသစ်တောများ၌ တောမီးလောင်မှုမှာ  ပိုမိုပြင်းထန် လာပြီး  အရှေ့တောင်အာရှဒေသ တစ်ဝန်းရှိ အိမ်နီးချင်းနိုင်ငံများသို့ အဆိပ်ဖြစ်စေသော မီးခိုးမြူများပျံ့နှံ့ကာ က္ဘာ တစ်ဝန်းတွင် တော မီးလောင်မှုများကြောင့် က္ဘာ ကြီးပူနွေးမှု အပေါ် အကျိုးသက်ရောက်မည်ကို  စိုးရိမ် ပူပန်မှုမြင့် တက်လျက်ရှိသည်။

ဆူမားတြားကျွန်းနှင့် ဘော်နီယိုကျွန်း တို့၌ စိုက်ပျိုးမြေများကိုရှင်းလင်းရာမှဖြစ်ပွားသော တောမီးလောင်မှုမှာ ပိုမိုပြင်း ထန်လာ သဖြင့် အင်ဒိုနီးရှားအစိုးရက ရဟတ်ယာဉ် များအသုံးပြု၍ မီးငြှိမ်းသတ်ရန်  ကြိုးပမ်းရပြီး   လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာက မီးလောင်မှုကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ၌ တောမီးလောင်မှုမှာ  နှစ်စဉ်ဖြစ်ပွား နေကျပြဿနာဖြစ်သည်။

ယခုနှစ်တွင် ခြောက်သွေ့သောရာသီဥတုကြောင့် တောမီးလောင်မှုမှာ ပိုမိုဆိုးဝါးပြီး  အဆိပ်ဖြစ်စေသော မီးခိုးမြူများမှာ မလေးရှား နိုင်ငံ အထိပျံ့နှံ့သဖြင့်   ယင်းကိစကြောင့်  နှစ်နိုင်ငံကြား သံတမန် ရေးဆိုင်ရာသဘော ထားတင်းမာမှုများ ဖြစ်ပွား စေသည်။

ဂြိုဟ်တုမှရရှိသော သတင်းအချက်အလက် များအရ အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်တွင် တောမီးလောင် ကျွမ်းမှုမှာ ပိုမို ပြင်းထန်လာကြောင်း စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေ၀သဌာနက  ထုတ်ဖော် ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ    ဘော်နီယိုကျွန်း၌ မီးလောင်မှုဖြစ်ပွားသည့်နေရာ ၁၆၁၉ နေရာရှိပြီး ဆူမားတြား ကျွန်း၌ မီးလောင်မှု ဖြစ်ပွား သည့်နေရာ ၈၆၁ နေရာရှိကြောင်း အဆိုပါစင်တာ၏ ပြောဆိုချက်အရ သိရသည်။

Ref: The Star Online

Read 8 times Last modified on Friday, 13 September 2019 10:14