SJ WorldNews - шаблон joomla Авто

ကုန်သွယ်ရေး စစ်ပွဲအတွင်း အရေးပါ လာသည့် သြစတြေးလျ

Friday, 13 September 2019 11:51 font size decrease font size decrease font size increase font size increase font size

၂၀၀၈ ခုနှစ်တွင်  ကမာ့ စီးပွားရေး ပျက်ကပ်ဆိုက်ပြီးနောက်ပိုင်း   ပြန်လည်နာလန်ထူရန်ကြိုးစားလာသည့်    ကမာ့ စီးပွားရေးကို လက်ရှိ ထိုးနှက်နေသူသည် ၂၁ ရာစု၏ ခေတ်သစ်တိုက်ပွဲ ကုန်သွယ်ရေးစစ်ပွဲဟု ခေါ်သည့်   ကမာ့ အင်အား အကြီးဆုံးနှစ်နိုင်ငံ၏ အပြိုင်အဆိုင် အခွန် တိုးမြှင့်ကောက်ခံနေသော   ပြဿနာဖြစ်သည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိ ကန်တို့က တရုတ်ကုန်စည်များကို အခွန်တိုးမြှင့် လိုက်သည့်အချိန် ကမာ့ စီးပွားရေး တိုးတက်မှုနှုန်း  ၄ ဒသမ ၄ ရာခိုင်နှုန်း အထိရှိသည်။ ၂၀၁၉ ခုနှစ်   ဒုတိယအကြိမ် အခွန်တိုးမြှင့်လိုက်ချိန်တွင် ကမာ့ စီးပွားရေးတိုးတက်မှု ၁ ဒသမ ၆ ရာခိုင် နှုန်းအထိ  ကျဆင်းသွားပြီး  ဆက်တိုက်ကျဆင်းလာသည်။

ကုန်သွယ်ေ ရးစစ်ပွဲကြောင့်   အာရှ၊ အမေရိကနှင့် ဥရောပတို့မှ   စီးပွားရေး အင်အားကြီးနိုင်ငံများလည်း  ဖွံ့ဖြိုးမှုကို နှောင့်ယှက်ခံရပြီး အပြန်အလှန်ကုန်သွယ် မှုတန်ဖိုးများ ဆက်တိုက်ကျဆင်းလာသည်။

ဥပမာ-ဘရာဇီးကဲ့သို့ တောင်အမေရိက နိုင်ငံများဆီမှ ကုန်ကြမ်းဝယ်ယူကာ အမေရိကန်နှင့် တခြား နိုင်ငံများသို့  ကုန်ချော တင်ပို့သည့်  တရုတ်တို့   အခက်တွေ့နေ သဖြင့် ကမာ့ ကုန်သွယ်ရေးကျဆင်းလာ သည်က မထူးဆန်းပေ။ အရှင်း ဆုံးပြောရလျှင် တရုတ်တို့၏စီးပွားရေးက ပြည်တွင်း စားသုံးမှု ပမာဏထက် ပြည်ပစားသုံးမှုကို ပိုမို အားကိုး နေရသည်ဟု  ဆိုရမည်ဖြစ်သည်။

လက်ရှိ ကမာပေါ်၌ အအောင်မြင်ဆုံးဖြစ်လာသည့်  E-commerce လုပ်ငန်းများတွင် အမေရိကန်ထက် တရုတ်က ပိုမို လျင်မြန်စွာဖွံ့ဖြိုးခြင်းသည်    အခြေခံ အဆောက်အအုံအားနည်းခြင်း၏ ကောင်းကျိုးတစ်ကွက်ဖြစ်နေပေသည်။

ယခု  တရုတ်တို့   ပြည်တွင်းစားသုံးမှု ရာခိုင်နှုန်းနိမ့်ကျနေခြင်းက အမေရိကန်ကို အမီလိုက်ရန် အခက်ခဲဆုံးကဏ္ဍတစ်ခု ဖြစ်ကာ လက်ရှိတွင် တရုတ်တို့က ၎င်းင်း၏ ကုန်စည်များကို ပြည်တွင်း၌ ဈေးချရောင်းနေရသည်။ အကယ်၍ တရုတ် တို့သာ ပြည်တွင်း စားသုံးမှု အားကောင်းပြီး ပြည်ပ စားသုံးမှုဈေးကွက်ကို အားမကိုးရလျှင် တရုတ်တို့ ကမာ ပေါ်၌ နံပါတ်တစ် အမေ ရိကန်နှင့်  ပခုံးချင်းယှဉ်လာနိုင်မည်ဖြစ်သည်။

ထိုအချိန် တရုတ်သူဌေးတို့ပြောသည့် အမေရိကန်တို့   တရုတ်ကို  မဖြစ်မနေ ဂရုစိုက်ရမည့် အချိန်ဖြစ်သည်။  လက်ရှိ တွင်  တရုတ်က ၎င်း၏ပို့ကုန် ဘီလီယံ  ၃၀၀ ကျော်ဖိုးနှင့် အမေရိကန်ကို အဓိက မှီခိုနေရသည့် အချက်တစ်ခုကြောင့် ကုန် သွယ်ရေးစစ်ပွဲတွင် တစ်ပန်းရှုံးကာ  ထို အချက်၏ အခြေခံက ခိုင်မာသည့်ပြည်တွင်း စားသုံးမှုမရှိသော   အခြေခံ အဆောက် အအုံကဏ္ဍ  အားအကောင်းဆုံးအဆင့် မဟုတ်သောကြောင့်ဖြစ်သည်။

ထိုအချက်ကို သိသွားပြီဖြစ်သည့် တရုတ်တို့က ယခုပြည်တွင်း အခြေခံအဆောက်အအုံများ တည်ဆောက်မှုကို အရှိန်မြှင့် တင် လာကာ သြစတြေးလျဆီမှ ဆောက်လုပ် ရေး ပစည်းများကို အလုံးအရင်းဖြင့် ၀ယ်ယူလာပြီဖြစ်သည်။ ထိုအချက်က ကုန်သွယ် ရေးစစ်ပွဲအတွင်း အရှုံးပေါ်နေသည့် ကမာ့ နိုင်ငံများကြား  သြစတြေးလျတို့  အခွင့် အရေးများရသွား စေသည် ဟု ဆိုရမည်ဖြစ်သည်။

၂၈ နှစ်တာ စီးပွားရေးနှေးကွေးမှုဒဏ် ကိုခံနေရသည့် သြစတြေးလျတို့ ၂၀၁၉ခုနှစ်တွင် ပထမဆုံးအကြိမ် စီးပွားရေး ရည်မှန်းချက်များကို ကျော်တက်လာနိုင်ကာ တရုတ်တို့ ဈေးကွက် တောင်းဆိုမှုဖြစ်သည့်  သံ၊  သံမဏိ၊  ကျောက်မီး သွေးနှင့် မိုင်းတွင်းထွက် ပစည်းများကလည်း ချက်ချင်းပင်  ၆ရာခိုင်နှုန်းကျော် အထိ မြင့်တက်လာသည်။ ထို့ပြင် သြစတြေးလျနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးက လည်း ထပ်မံ မြင့်တက်လာကာ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု တန်ဖိုးများလည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲအတွင်း မြင့်တက်လျက်ရှိသည်။

သြစတြေးလျဆိုသည်မှာ တရုတ်အတွက် ခြောက်နိုင်ငံမြောက်အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ သြစတြေးလျ အတွက်  တရုတ်က   ငါးနိုင်ငံမြောက် အကြီးမားဆုံး  ကုန်သွယ်ဖက်နိုင်ငံဖြစ် သည်။ တရုတ်၏ ၂၅ ရာခိုင်နှုန်းသော  စားသောက်ကုန်စည်နှင့် ကုန်ချောများက  သြစတြေးလျဆီသို့  နှစ်စဉ်ရောက်ရှိပြီး  သြစတြေးလျက ဆောက်လုပ်ရေး အတွက်  မိုင်းတွင်းထွက်ပစ်္စည်းများကို တရုတ်ဆီသို့  အဓိကတင်ပို့နေသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နှင့် သြစတြေးလျကြား  ကုန်သွယ်ရေးတန်ဖိုးက  အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ဆိုသည့်အတိုင်းအတာသို့ ရောက်ရှိလာပြီး တရုတ်တို့ ပြည်တွင်းအခြေခံအဆောက် အအုံများ   အားကောင်းရေးဘက်ကို  အလုံးအရင်းဖြင့် တည်ဆောက်ပြီးနေပြီ ဖြစ်သည်။

ပထမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို တရုတ်တို့ ခေတရပ်တန့်ထားကာ နှေးကွေးလာသည့် ၎င်းတို့စီးပွားရေးကိုအရှိန်ရစေ ရန်  ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို အလုံးအရင်းဖြင့် ပြုလုပ်ခဲ့သည်။  ယခု တရုတ်တို့က ပြည်တွင်းဘက်သို့ အခြေခိုင်ရန် ပြန်လည်ဦးစားပေး လာကာ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကမာ့စင်မြင့်၌ ကိုယ့်တာကိုယ်လုံရန်  အဓိက ဆိုသည့်အချက်ကို   သိသွားသောကြောင့်ဖြစ်သည်။

ထိုအချိန် တရုတ်နှင့်ရော အမေရိကန်နှင့်ပါ အခိုင်မာဆုံး မဟာမိတ်များဖြစ်သည့် သြစတြေးလျက အကျိုး အမြတ်များရနေ ကာ တရုတ်တို့၏ နိုင်ငံရပ်ခြား ပညာရှာသူ များကလည်း အမေရိကန်အစား  သြစတြေးလျ ထိပ်တန်း တကသိုလ်များကို သိသိ သာသာရွေးချယ် လာသည်။

ကမာပေါ်၌ အလျင်မြန်ဆုံး ဖွံ့ဖြိုးလာ သည့်စီးပွားရေးဈေးကွက်တွင် ပညာရေးဈေးကွက်လည်း ထိပ်ဆုံးမှရပ်တည် နေကာ လက်ရှိ  အမေရိကန်အစိုးရက တရုတ် ကျောင်းသားများ၏ ဗီဇာကို အတိုင်းအတာဖြင့် ချမှတ်ပေး လိုက်သောကြောင့် သြစတြေးလျဘက်သို့ ကူးပြောင်းသွားခြင်းဖြစ်သည်။

တရုတ်တို့နှင့်မတူဘဲ အိန်္ဒိယကျောင်း သားတို့ကတော့   သြစတြေးလျအစား ကနေဒါပညာရေးဘက်ကို ပိုမိုဦးစားပေး နေခြင်းကလည်း သြစတြးလျနှင့် အိန်္ဒိယ ဆက်ဆံရေး  အားအကောင်းဆုံးအချိန် မဟုတ်သေးသော အချက်တစ်ချက် အပါ အ၀င်ဖြစ်သည်။

အခွင့်အရေးများ ရနေသော်လည်း   ရန်သူတော်နှစ်ယောက်၏  အခိုင်မာဆုံး မဟာမိတ်ဖြစ်နေခြင်းတွင် အာဏာချိန်ခွင် လျှာထိန်းညှိရေးက  အရေးပါလာသည်။ အကယ်၍  တစ်ဖက်ဖက်ကိုသာ  အလေးသာပါက  ဘက်မညီသည့်  သြစတြေးလျ အဖို့   အောက်သို့ထိုးကျသွားရန်လည်း ရှိနေသေးသည်။ ထို့ကြောင့် အခွင့်အရေး ရနေသော်လည်း  ရတက် မအေးနိုင်သည့် သြစတြေးလျဟု ခေါင်းစဉ်တပ်ရမည်ဖြစ်သည်။

သို့သော် ယခု သြစတြေးလျက ပါးနပ်စွာ နှစ်နိုင်ငံကြား သံတမန်ရေးပွဲ စားပုံစံဖော်ဆောင်လာနေကာ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အတွက် အရေးပါ သည့်အခန်းကဏ္ဍတစ်ခုကို တက်လှမ်းနိုင် ရန်ကြိုးစားလာနေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။       

Ref;The Wall Street Journal

Read 20 times Last modified on Friday, 13 September 2019 11:55