SJ WorldNews - шаблон joomla Авто

ရုရှားနှင့် စစ်ဘက်ဆက်သွယ်ရေးလိုင်း တည်ဆောက်ရန် တောင်ကိုရီးယား စီစဉ်

Wednesday, 09 October 2019 09:12 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားအစိုးရသည် ရုရှားနှင့်စစ်ဘက်ဆက်သွယ်ရေးတည်ဆောက်ရန် စီစဉ်နေကြောင်း ဒေသတွင်းသတင်း ဌာနများက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြသည်။

ထိုနှစ်နိုင်ငံသည် လေတပ်အချင်းချင်း စစ်ရေးသတင်း အချက်အလက်များ ဖလှယ်နိုင်မည့် ဆက်သွယ်ရေးလိုင်း တစ်ခုကို တည်ဆောက်ရန်   ၂ဝဝ၄ ခုနှစ်ကတည်းက ဆွေးနွေးခြင်းဖြစ်ကာ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးရန် ပြီးခဲ့သည့် နှစ်နိုဝင်ဘာလတွင် သဘောတူခြင်း ဖြစ်သည်။

ထိုစာချွန်လွှာကို လက်မှတ်ထိုးရန်အတွက် တောင်ကိုရီးယား-ရုရှား    ပူးတွဲစစ်ရေးကော်မတီဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

တောင်ကိုရီးယားနိုင်ငံသည်    ၄င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးနှင့်  ရှာဖွေဖော်ထုတ်ရေး ဇုန်အတွင်းသို့   ကျူးကျော် ဝင်ရောက်မှုများ ဖြစ်ပွားခြင်း မရှိစေရန်အတွက် စစ်ရေးအရသာမက သံတမန်ရေးအရပါ  ကြိုးပမ်းလျက် ရှိကြောင်း  သိရသည်။

Ref: Xinhua

Read 8 times Last modified on Wednesday, 09 October 2019 09:13