SJ WorldNews - шаблон joomla Авто

ဟောင်ကောင်၌ မျက်နှာဖုံးမတပ်ရဥပဒေကို ချိုးဖောက်သူများအနက် ၇၇ ဦး အဖမ်းခံထားရ

Wednesday, 09 October 2019 09:13 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်အစိုးရက အောက်တိုဘာ ၅ ရက်တွင်ပြဋ္ဌာန်းလိုက်သည့် မျက်နှာဖုံး မတပ်ရဥပဒေကို ချိုးဖောက်သူများ အနက် ၇၇ ဦးကိုဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

အဖမ်းခံရသူ ၇၇ ဦးတွင် အမျိုးသား ၅ဝ  နှင့်  အမျိုးသမီး ၂၇ ဦးပါဝင်ကာ အသက် ၁၂ နှစ်မှ ၄၁ နှစ်အတွင်းရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ရဲတပ်ဖွဲ့က ပြောသည်။

ထို့ပြင် နောက်ထပ်လူ ၁၄ ဦးမှာလည်း အဆိုပါ ဥပဒေကို ချိုးဖောက်မှုဖြင့် အဖမ်းခံရကာ အနောက်ကိုလွန်းတရားရုံး၌ တရားရင်ဆိုင်နေရကြောင်း  TVB သတင်းဌာနက ဖော်ပြသည်။

ထိုဥပဒေကို ချိုးဖောက်မှုဖြင့် ပထမဆုံးတရားစွဲဆိုခံရသူမှာ အသက် ၁၈ နှစ်ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် အသက် ၃၈ နှစ်ရှိ အလုပ်လက်မဲ့တစ်ဦးတို့ ဖြစ်ကာ အောက်တိုဘာ ၇ ရက်တွင် တရားစွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်တွင် ဖြစ်ပွားနေသောဆူပူ ဆန္ဒပြမှုများကို   နှိမ်နင်းရန်ရည်ရွယ်၍ အစိုးရက ကိုလိုနီခေတ် အရေးပေါ်ဥပဒေဖြစ်သော  မျက်နှာဖုံးမတပ်ရဥပဒေကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ထိုဥပဒေကို ချိုးဖောက်သူများ အနေဖြင့် ထောင်ဒဏ်တစ်နှစ်အထိ   ကျခံရနိုင်ကြောင်း  သိရသည်။

Ref: Reuters

Read 15 times Last modified on Wednesday, 09 October 2019 09:14