SJ WorldNews - шаблон joomla Авто

ဘုရင်စနစ် အဆုံးသတ်မှုကို လူမှုကွန်ရက်တွင် ရေးသားဖော်ပြသူ ထိုင်းအမျိုးသား ဖမ်းဆီးခံရ

Wednesday, 09 October 2019 09:14 font size decrease font size decrease font size increase font size increase font size

ဘုရင်စနစ်အဆုံးသတ်မှုကို လူမှုကွန် ရက်စာမျက်နှာများတွင် ရေးသားဖော်ပြထားသူ ထိုင်းအမျိုးသားတစ်ဦးကို ထိုင်း ရဲတပ်ဖွဲ့က  ကွန်ပျူတာရာဇဝတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အောက်တိုဘာ ၈ ရက်ထုတ်ပြန်ချက်အရ  သိရသည်။

အသက် ၂၅ နှစ်ရှိ ကန်ပေါင်ပရာပတ်ဆိုသူ အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို ရည်ညွှန်းပြောဆိုခြင်း မဟုတ်သော်လည်း နိုင်ငံများစွာတွင် ထိုင်းနိုင်ငံကဲ့သို့ ဘုရင်စနစ်ကိုကျင့်သုံးခြင်း မရှိကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖော်ပြထားသည်။

ကန်အမည်ရှိ  ဖေ့စဘွတ်အကောင့် နှင့် Pnsrmk တွစ်တာအကောင့်တို့တွင် ရေးသားဖော်ပြသည့် အဆိုပါအကြောင်း အရာများသည် ထိုင်းဘုရင်ကို နှောင့်ယှက်နေခြင်း ဖြစ်ကြောင်းနှင့် ယင်းအကောင့် နှစ်ခုစလုံးသည် ယခုအခါ အသုံးပြု၍ မရတော့ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကန်ပေါင်ပရာပတ်ကို အောက်တိုဘာ ၇ ရက်နှောင်းပိုင်းတွင် ဘန်ကောက်မြို့ရှိ ၄င်း၏နေအိမ်၌ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

ထို့ပြင် ၄င်းသည် အမျိုးသားလုံခြုံရေးနှင့် ဆက်နွှယ်သည့် ကွန်ပျူတာရာဇဝတ်မှု ကျူးလွန်ခြင်း ထင်ရှားပါက ထောင်ဒဏ် ငါးနှစ်ကျခံရပြီး ဒဏ်ငွေဘတ်တစ်သိန်းအထိ    ပေးဆောင်ရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆက်ပြောသည်။

လူမှုကွန်ရက် အသုံးပြုသူများ အနေဖြင့်လည်း   ၄င်းအမျိုးသား၏ ရေးသားဖော်ပြမှုများကို ပြန်လည် ကူးယူဝေမျှပါက အလားတူပြစ်ဒဏ်မျိုး    ကျခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

Ref: The Straits Times

Read 22 times Last modified on Wednesday, 09 October 2019 09:16