SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို နက္ခတ္တဗေဒပညာရှင် သုံးဦးရရှိ

Wednesday, 09 October 2019 09:16 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို  နက္ခတ္တဗေဒပညာရှင်  ဂျိမ်းပီဘလီ၊ မီချဲမေယာနှင့်    ဒီဒီယာကူးလော့တို့ သုံးဦးက ရရှိသွားကြောင်း  ဆုချီးမြှင့်ရေး အဖွဲ့က  အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

အဆိုပါ နိုဘယ်ဆု၏    တစ်ဝက်ကို ဒေါက်တာဂျိမ်းပီဘလီကရရှိပြီး ကျန်တစ်ဝက်ကို ဒေါက်တာမီချဲမေယာနှင့် ဒီဒီယာကူးလော့တို့က ရရှိခြင်း ဖြစ်သည်။

ယခုနှစ်၏ ရူပဗေဒနိုဘယ်ဆုရှင်များသည် စကြဝဠာအကြောင်းနှင့် ပတ်သက်၍ ယခင်က သိရှိထားသည်များကို ပြောင်းလဲပေးနိုင်ကြောင်း    တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ပြောသည်။

ဂျိန်းပီဘလီသည် မဟာစကြဝဠာကြီး ဖြစ်ပေါ်လာစေသည့် ပေါက်ပွဲမှုပြီးနောက် စကြဝဠာအနေဖြင့် မည်ကဲ့သို့ အဆင့်ဆင့် ပြောင်းလဲလာသည်ကို သီအိုရီအရ တွေ့ရှိသူဖြစ်သည်။

မီချဲမေယာနှင့် ဒီဒီယာကူးလော့တို့ကမူ အမည်မသိဂြိုဟ်များကို   ရှာဖွေရာတွင် တွေ့ရှိမှုအသစ်များကို ဖော်ထုတ်နိုင်သူများ ဖြစ်သည်။

သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များသည် ကမ္ဘာကြီးအပေါ် ထားရှိသည့် ထင်မြင်ယူဆချက်များကို အမြဲတမ်း ပြောင်းလဲသွားစေကြောင်း သိရသည်။

Ref: Reuters

Read 60 times Last modified on Wednesday, 09 October 2019 09:17