SJ WorldNews - шаблон joomla Авто

တရုတ်နှင့် ဆော်လမွန် ကျွန်းစုနိုင်ငံတို့ သံတမန်ဆက်ဆံရေးအရ သဘောတူညီချက်များစွာ လက်မှတ်ထိုး

Thursday, 10 October 2019 09:12 font size decrease font size decrease font size increase font size increase font size

ဆော်လမွန်ကျွန်းစု နိုင်ငံဝန်ကြီးချုပ် မနားဆက်ဆိုဂါဗဲနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်တို့သည် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး အသစ်အရ သဘောတူညီချက်များစွာကို လက်မှတ်ထိုးကြောင်း သိရသည်။

ဆော်လမွန်ကျွန်းစု နိုင်ငံအတွက် တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် ယခုသဘောတူညီချက်များက ပထမဆုံးဖြစ်သည်။ ထိုသို့သဘောတူညီချက်များ လက်မှတ်ထိုးနိုင်မှုသည်   ပစိဖိတ်ဒေသအတွင်း   တရုတ်၏ လွှမ်းမိုးမှု အင်အားကြီးထွားလာသည့်  လက္ခဏာတစ်ခုဖြစ်သည့်အပြင် ယင်းနှစ်နိုင်ငံကြား ရင်းနှီးသော သံတမန်ဆက်ဆံရေးသည် တရုတ်(တိုင်ပေ) အတွက် ဆုတ်ယုတ်မှုတစ်ခု ဖြစ်သည်။

ဆော်လမွန်ကျွန်းစုနိုင်ငံ အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို  အသိအမှတ်ပြုကြောင်း၊ သမိုင်းကြောင်းအရ မှန်ကန်သောဘက်တွင် ရပ်တည်ရသည့်အတွက်နှင့် တရုတ်နိုင်ငံနှင့်   ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်သည့်အတွက် ကျေနပ်ကြောင်း မနားဆက်ဆိုဂါဗဲက ပြောသည်။

အဆိုပါ သဘောတူညီချက်များတွင် တရုတ်အစိုးရက အကောင်အထည်ဖော်နေသည့် ခါးပတ်တစ်ကွင်း လမ်းတစ်ကြောင်း စီမံကိန်းတွင် ဆော်လမွန်ကျွန်းစု နိုင်ငံအနေဖြင့်   ပါဝင်မည့်သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရသည်။   Ref: Reuters

Read 13 times Last modified on Thursday, 10 October 2019 09:13