SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုကို လီသီယံအိုင်းယွန်းဘက်ထရီ တီထွင်သူများ ရရှိ

Thursday, 10 October 2019 09:13 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ်အတွက်   ဓာတုဗေဒနိုဘယ်ဆုကို ပေါ့ပါးသောလီသီယံအိုင်းယွန်း ဘက်ထရီကို တီထွင်နိုင်သည့် ဂျွန်ဘီဂွတ်ဒီနပ်၊ အမ်စတန်လေးဝှစ်တင်းဟန်နှင့် အကီရာယိုရှီနိုတို့က   ပူးတွဲရရှိသွားကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

¤င်းတို့သုံးဦးသည် ကြိုးမဲ့စနစ်ဖြစ်သော၊ ရုပ်ကြွင်းလောင်စာ ကင်းစင်သော လူ့အဖွဲ့အစည်း ဖြစ်စေရန်အတွက် အခြေခံအုတ်မြစ်များကို ချမှတ်ပေးနိုင်ကြောင်း  နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ပြောသည်။

လီသီယံအိုင်းယွန်းဘက်ထရီများသည် လူနေမှုဘဝများကို ပြောင်းလဲနိုင်ကြောင်းနှင့် အဆိုပါ ဘက်ထရီများကို မိုဘိုင်းဖုန်းများမှအစ လပ်တော့နှင့်လျှပ်စစ်ယာဉ်များ အပါအဝင် အရာဝတ္ထုများစွာတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

ပါမောက္ခဝှစ်တင်းဟန်သည် ၁၉၇ဝ ပြည့်နှစ်မှ စတင်ပြီး ရုပ်ကြွင်းလောင်စာကင်းစင်သော စွမ်းအင်နည်းပညာအတွက် နည်းလမ်းများကို သုတေသနပြုရာမှ လီသီယံဘက်ထရီ အတွင်းမှ လျှပ်စစ်များ စီးဆင်းရာ လျှပ်ကူးပစ္စည်းပုံစံ တစ်မျိုးကို ရှာဖွေတွေ့ရှိသည်။

အခြားသောဓာတုဗေဒ သိပ္ပံပညာရှင်နှစ်ဦးသည် ထိုဘက်ထရီကို အခြေခံပြီးနောက် တီထွင်ဖန်တီးမှု အသစ်များကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Ref: The New York Times

Read 15 times Last modified on Thursday, 10 October 2019 09:14