SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား လုံခြုံရေး ၀န်ကြီး ၀ီရန်တို ဓားထိုးခံရ

Friday, 11 October 2019 11:51 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ တိုက်ခိုက်မှု

အင်ဒိုနီးရှားလုံခြုံရေး ၀န်ကြီး ၀ီရန်တို သည်   အောက်တိုဘာ ၁၀ ရက်တွင်  လုပ်ကြံသူနှစ်ဦး၏ ဓားထိုး တိုက်ခိုက်ခြင်းကို  ခံရကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဝီရန်တိုသည်  ဂျာဗားကျွန်းဘန်တန် ပြည်နယ်ရှိ  ပန်ဒက်ဂလန်မြို့ခရီးစဉ်၌ ကားပေါ်မှ ဆင်းသည့်အချိန်တွင် လုပ်ကြံသူ နှစ်ဦးက ဓားထိုး တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်သူ အမျိုးသားကို ဖမ်းဆီးနိုင်ကာ နောက်တစ်ဦးမှာ အမျိုးသမီးငယ် တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။  ၀ီရန်တိုသည် ၀မ်းဗိုက်အောက်ပိုင်းတွင်  ဒဏ်ရာနှစ်ချက် ရရှိခြင်း ဖြစ်သော်လည်း  အသက်အနရာယ် မစိုးရိမ်ရတော့ကြောင်း  သိရသည်။

ဝီရန်တိုကို တိုက်ခိုက်သူအမျိုးသားသည် IS စစ်သွေးကြွအဖွဲ့၏  အစွန်းရောက် ၀ါဒကို  သက်ဝင်ယုံကြည်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ထိုအမျိုးသားနှင့် ၎င်း၏ဇနီး ဖြစ်ဟန်တူသည့် အမျိုးသမီးငယ် တို့သည်   ၀ီရန်တိုကို တိုက်ခိုက် ချိန်တွင်  တစ်ကိုယ်လုံး ဖုံးသည့် အနက်ရောင်အ၀တ် အစားကို ၀တ်ဆင်ထားပြီး   မျက်စိပေါက် နေရာသာ ဖော်ထား ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးဖြစ်သည့် ၀ီရန်တိုသည် နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး အဖြစ်  ၂၀၁၆ ခုနှစ်မှစတင်တာဝန်ထမ်းဆောင်သူ ဖြစ်ကြောင်းသိရသည်။

Ref: Reuters, Sputnik

..............

Read 17 times Last modified on Friday, 11 October 2019 11:52