SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား၏ ခရီးသွား လုပ်ငန်းကို အမေရိကန် ကူညီမည်

Sunday, 20 October 2019 10:41 font size decrease font size decrease font size increase font size increase font size

အမေရိကန်အနေဖြင့် ရေရှည်လုပ်ငန်းဖြစ်သော မြောက်ကိုရီးယား၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း တည်ဆောက်မှုကို ကူညီရန် စီစဉ်နေသည်ဟု  မကြာသေးမီက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကျင်းပသည့် အောက်ခြေအဆင့် ဆွေးနွေး ပွဲအတွင်း အမေရိကန် တာဝန်ရှိသူများက အဆိုပြုတင်ပြကြောင်း Hankook Ilbo သတင်းဌာနက အောက်တိုဘာ ၁၉ ရက် တွင် ထုတ်ပြန်သည်။

အမေရိကန် တာဝန်ရှိသူများသည် ကယ်မာခရီးသွား ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို  ပြင်ဆင်နေကြောင်း စတော့ဟုမ်း ဆွေးနွေးပွဲနှင့် ဆက်နွှယ်သည့် အမည်မဖော်လိုသူ တောင်ကိုရီးယားသံတမန် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ သတင်း စာကဖော်ပြသည်။ သို့သော် အမေရိကန်၏ အဆိုပြုချက်ကို မြောက်ကိုရီးယားက မည်ကဲ့သို့ တုံ့ပြန်သည်ကို   ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည်  ဝန်ဆန်-ကယ်မာ ပင်လယ်ကမ်းခြေဒေသကို အပန်းဖြေစခန်းအဖြစ် လုပ်ဆောင်လျက်ရှိသည်။

အာဏာရပါတီ၏ ပေါ်လစ်ဗျူရိုထိပ်တန်း အဖွဲ့ဝင် ပတ်ပေါင်ဂျူသည် သြဂုတ်လတွင် တည်ဆောက်ရေးနေရာသို့ သွားကာ အရှေ့ဘက်ကမ်းရိုးတန်း၌ သဘာဝပသာဒ ဖြစ်သည့် အပန်းဖြေစခန်း တည်ဆောက်ရန် အလုပ်သမားများကို တွန်းအားပေးကြောင်း သိရသည်။

အောက်တိုဘာလအစောပိုင်းတွင် စတော့ဟုမ်းမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲသည် အမေရိကန်နှင့် မြောက်ကိုရီးယားကြား ဆွေးနွေးမှုများ ရှစ်လကြာ ရပ်နားပြီးနောက်  ပထမဆုံးအကြိမ်   ပြန်လည်စတင်သည့် ဆွေးနွေးပွဲဖြစ်သော် လည်း သဘောတူညီ ချက်အနည်းငယ်သာ ချမှတ်ကာ ပြီးဆုံးသွားကြောင်း သိရသည်။

Read 16 times Last modified on Sunday, 20 October 2019 10:42