SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး လူထုဆန္ဒ ခံယူပွဲ ပြန်ကျင်းပပေးရန် ပြည်သူများ တောင်းဆို

Sunday, 20 October 2019 10:45 font size decrease font size decrease font size increase font size increase font size

ဗြိတိန်အစိုးရက ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး ကြိုးပမ်းနေစဉ် ပြည်သူထောင်ပေါင်းများစွာက လူထုဆန္ဒ ခံယူပွဲပြန်ကျင်းပပေးရန် အောက်တိုဘာ ၁၉ ရက်တွင် ဆန္ဒပြတောင်းဆိုကြောင်း သိရသည်။

ပြည်သူများသည် လန်ဒန်မြို့ရှိ လမ်းမများ၌ ဆန္ဒပြတောင်းဆိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လွှတ်တော်သို့ ဆက်လက်ချီတက် ဆန္ဒပြကြောင်း သိရသည်။ အစိုးရအနေဖြင့် ဆန္ဒပြပြည်သူများ၏ အမျက်ဒေါသကို ဂရုစိုက်သင့်ပြီး နိုင်ငံအတွင်း၌ လူထုဆန္ဒခံယူပွဲ ပြန်ကျင်းပပေးသင့်ကြောင်း ဆန္ဒပြပွဲများကို စီစဉ်သူတစ်ဦးဖြစ်သည့် ဂျိမ်းမက်ဂေါ်ရီက ပြောသည်။ ထိုဆန္ဒပြပွဲများသို့  နိုင်ငံတစ်ဝန်းလုံးမှ   ပြည်သူများ ပါဝင်ခြင်းဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကို ထောက်ခံသူများက   ထိုသို့လူထုဆန္ဒ ခံယူပွဲပြန်ကျင်းပရန် တောင်းဆိုမှုကို ငြင်းဆိုထားပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံအတွင်းကွဲပြားမှုများ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပြောသည်။

Read 19 times Last modified on Sunday, 20 October 2019 10:46