SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား ကျောင်းသားများ အမေရိကန် သံအမတ်၏ နေအိမ်ဝင်းသို့ ကျူးကျော်ဝင်ရောက်

Sunday, 20 October 2019 10:49 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုကို ဆန့်ကျင် ကန့်ကွက်သည့် တောင်ကိုရီးယား ကျောင်းသားအချို့သည် ဆိုးမြို့ရှိ အမေရိကန် သံအမတ်၏ နေအိမ်ဝင်း အတွင်းသို့  ဝင်ရောက်ကြောင်းနှင့် ရဲတပ်ဖွဲ့က ကျောင်းသား ၁၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသားများသည် တိုးတက်သော တက္ကသိုလ်ကျောင်းသားများ ညွန့်ပေါင်းအဖွဲ့မှဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင် အမေရိကန်သံအမတ် ဟယ်ရီဟားရစ်၏ နေအိမ်ဝင်းအတွင်းသို့ လှေကားများကို အသုံးပြု၍ ဝင်ရောက်ခြင်းဖြစ်သည်။ အမေရိကန် အစိုးရသည် တောင်ကိုရီးယား နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅ဝဝ အတွက် ကုန်ကျစရိတ် စုစုပေါင်း၏ ၅ဝ ရာခိုင်နှုန်းကို တောင်ကိုရီးယား အစိုးရထံမှ တောင်းဆိုထားသည်။ အဆိုပါကျောင်းသားများသည် အမေရိကန်သံအမတ် ဟယ်ရီဟားရစ်ကို နိုင်ငံအတွင်းမှ ထွက်သွားရန်၊ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန်၊ အမေရိကန် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းပေးရန်လည်း ကြွေးကြော်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အမေရိကန် သံရုံးက အလွန်စိုးရိမ်မကင်းဖြစ်ကြောင်း၊ တောင်ကိုရီးယား အစိုးရအနေဖြင့်  နိုင်ငံအတွင်းရှိ  အမေရိကန် သံအဖွဲ့ရုံးများနှင့် နေအိမ်များ ဘေးကင်းရေးအတွက် အကာအကွယ်ပေးရန် တိုက်တွန်းကြောင်း  အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ  ဝီလီယံကိုးမန်း ကပြောသည်။

ယခုဖြစ်ပွားသည့် အမေရိကန်သံအမတ်၏ နေအိမ်ဝင်းအတွင်း ကျူးကျော် ဝင်ရောက်မှုသည် ၁၄ လအတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ 

Read 25 times Last modified on Sunday, 20 October 2019 10:55