SJ WorldNews - шаблон joomla Авто

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူစာချုပ်အတွက် ပထမအဆင့် သဘောတူညီချက်က တိုးတက်မှုရှိ

Sunday, 20 October 2019 11:00 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်စေမည့် ကုန်သွယ်ရေး သဘောတူစာချုပ်၏  ပထမအဆင့် သဘောတူညီချက်ကို ဆွေးနွေးရာတွင် တိုးတက်မှုများ ရှိကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟေက အောက်တိုဘာ ၁၉ ရက်တွင်ပြောသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည်  ပထမအဆင့် သဘောတူညီချက်အတွက် အရေးကြီးသော အုတ်မြစ်ကို ချမှတ်ထားနိုင်ကြောင်း၊နယ်ပယ်အများအပြားတွင်လည်း ဆွေးနွေးမှုမှာ တိုးတက်မှုများ ရှိနေကြောင်း လျူဟေက နန်ချန်းမြို့၌ ကျင်းပသည့် နည်းပညာ ညီလာခံတွင် ပြောသည်။

ထို့ပြင် တရုတ်အစိုးရအနေဖြင့် နှစ်နိုင်ငံကြားရှိ  စိုးရိမ်မကင်းဖြစ်မှုများကို  အပြန်အလှန် လေးစားမှု၊သာတူညီမျှရှိမှုတို့အပေါ် အခြေခံ၍ ပူးပေါင်းဖြေရှင်းမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေး တင်းမာမှုကို ရပ်တန့်နိုင်ခြင်းသည် နှစ်နိုင်ငံစလုံး အတွက်သာမက တစ်ကမ္ဘာလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း လျူဟေက ပြောသည်။

လျူဟေသည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့်   ကုန်သွယ်ရေး ဆွေးနွေးရာတွင် တရုတ်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေရာ ယခုနှစ် တတိယသုံးလပတ်အတွင်း နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ ယင်းပမာဏသည် ဆယ်စုနှစ်သုံးခုအတွင်း အဆိုးဆုံးအဖြစ် ကျဆင်းခြင်းဖြစ်သည်။

သို့ရာတွင်    နိုင်ငံ၏ စီးပွားရေးသည် အလားအလာကောင်းမွန်နေပြီး   အစိုးရအနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း ပြန်လည်မြင့်တက်လာစေရန်  နည်းပညာများတွင် ပိုမိုရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း လျူဟေက ပြောသည်။

တရုတ်နှင့်အမေရိကန် တို့သည် နောက်ဆုံးအကြိမ် ကုန်သွယ်ရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်တွင်  လုပ်ဆောင်နိုင်ပြီး ပထမအဆင့် သဘောတူညီချက်ကို ချမှတ်နိုင်ကာ ထိုသဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း   သိရသည်။ 

Read 24 times Last modified on Sunday, 20 October 2019 11:02