SJ WorldNews - шаблон joomla Авто

နောက်ဆုံး Brexit သဘောတူညီချက်ကို ထောက်ခံပေးရန် ဘောရစ်ဂျွန်ဆင် တောင်းဆို

Sunday, 20 October 2019 11:07 font size decrease font size decrease font size increase font size increase font size

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အောက်တိုဘာ ၁၉ ရက်တွင်ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် ၎င်း၏ နောက်ဆုံး Brexit သဘောတူညီချက်ကို ထောက်ခံပေးရန် လွှတ်တော်အမတ်များကို တောင်းဆို လိုက်ကြောင်း သိရသည်။

ယခင်က ယင်းကိစ္စနှင့် ပတ်သက်၍ တောင်းဆိုဖူးသော်လည်း အတိုက်အခံအဖွဲ့၏ လှုပ်ရှားမှုများကြောင့် ၎င်း၏ အစီအစဉ်မှာ  အောင်မြင်ခဲ့ခြင်း မရှိကြောင်း  သိရသည်။

 

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ၅၂ ရာခိုင်နှုန်းနှင့် ကန့်ကွက်မဲ ၄၂ ရာခိုင်နှုန်းရရှိပြီး သုံးနှစ်ကျော်အကြာတွင် Brexit သဘောတူ စာချုပ်အတွက်  ဘောရစ်ဂျွန်ဆင်က လွှတ်တော်၏ ထောက်ခံမှုကို ရရှိရန်ကြိုးပမ်းခြင်းဖြစ်သည်။

 

အဆိုပါ Brexit  သဘောတူစာချုပ်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် အကောင်းဆုံး ဖြစ်လာနိုင်သည့်   ထောက်ခံမှုများကို ရရှိထားပြီး နောက်ထပ်ကြန့်ကြာနေမှု အတွက်ပင် ကျေနပ်မိကြောင်း ဘောရစ်ဂျွန်ဆင်က ပြောသည်။

 

၎င်း၏အတိုက်အခံ ပါတီဝင်များသည် Brexit  သဘောတူညီချက်နှင့် ပတ်သက်၍ ထောက်ခံခြင်းမရှိဘဲ လွှတ်တော်အမတ်များ၏ ဆုံးဖြတ်ချက်ကိုရယူရန် ဘောရစ်ဂျွန်ဆင်ကို ဖိအားပေးခဲ့သည်။ ယင်းကဲ့သို့ လုပ်ဆောင်နေမှုများက ၎င်း၏အစီအစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်နေခြင်း ဖြစ်နိုင်သည့်အပြင် ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။

 

 

Read 20 times Last modified on Sunday, 20 October 2019 11:14