SJ WorldNews - шаблон joomla Авто

ဆရီနာဂါမြို့တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံးပြီး ၄၅ ဦးဒဏ်ရာရ

Wednesday, 06 November 2019 09:01 font size decrease font size decrease font size increase font size increase font size

အိန္ဒိယထိန်းချုပ်မှုအောက်ရှိ  ကက်ရှမီးယားဒေသ    မြို့တော်ဆရီနာဂါတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး  အနည်းဆုံးလူ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အာဏာပိုင်များက ထုတ်ပြန်သည်။

ပေါက်ကွဲမှုသည်  မြို့၏အချက်အချာကျရာဒေသရှိ  ဟာရီဆင်းလမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၄ ရက်ကဖြစ်ပွားခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများတွင်   အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများက ဒေသတွင်းရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမည်မဖော်လိုသူအရာရှိများက   ပြောသည်။ ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ပြင်းထန်ကြောင်း သိရသည်။

ယခုဖြစ်ပွားသည့်   တိုက်ခိုက်မှုသည် အိန္ဒိယအစိုးရက   ဂျမူးနှင့်ကက်ရှမီးယားဒေသ၏ အခြေခံဥပဒေ ပြဋ္ဌာန်းနိုင်ခွင့် အပါအဝင်  အခြားအထူးအခွင့်အရေးများကို ဖယ်ရှားပြီးချိန်မှစ၍ ဖြစ်ပွားသည့် တိုက်ခိုက်မှုများအနက် သွေးထွက်သံယိုမှု အများဆုံးသော တိုက်ခိုက်မှုတစ်ခု ဖြစ်လာကြောင်း သိရသည်။

ခွဲထွက်လိုသည့် စစ်သွေးကြွများသည် ဒေသတွင်း၌ တိုက်ခိုက်မှုများ လုပ်ဆောင်နေစဉ် အစိုးရက အင်တာနက်ဆက်သွယ်ရေးကို ယင်းဒေသအတွင်း ပိတ်ပစ်ထားခဲ့ပြီး လူအမြောက်အမြားကို ဖမ်းဆီးထားသည်။

                   Ref: Reuters

 

Read 34 times Last modified on Wednesday, 06 November 2019 09:02