SJ WorldNews - шаблон joomla Авто

IS စစ်သွေးကြွ ခေါင်းဆောင်ဟောင်း ဘဂ္ဂဒါဒီ၏ အစ်မဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ဟု တူရကီဆို

Wednesday, 06 November 2019 09:02 font size decrease font size decrease font size increase font size increase font size

သေဆုံးသွားပြီဖြစ်သည့်  IS စစ်သွေးကြွခေါင်းဆောင်ဟောင်း အဘူဘာကာအယ်ဘဂ္ဂဒါဒီ၏ အစ်မဖြစ်သူကို  ဖမ်းဆီးနိုင်ခဲ့ကြောင်း တူရကီအစိုးရအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

အသက် ၆၅ နှစ်အရွယ်ရှိ  ရက်စမီယာအာဝက်ကို တူရကီအစိုးရက  နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင်  လုပ်ဆောင်ခဲ့သည့်စီးနင်းမှုအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အာဝက်သည် အစွန်းရောက်စစ်သွေးကြွများနှင့် ဆက်နွှယ်မှုရှိနေသည်ဟု  တူရကီအစိုးရက ယူဆထားသည်။  အာဝက်သည်ဆီးရီးယားနိုင်ငံ   အလက်ပိုပြည်နယ်ရှိအာဇက်မြို့တွင်  ၄င်း၏မိသားစု နှင့်အတူ နေထိုင်လျက်ရှိသည်။  အဆိုပါဒေသသည်ယခင်က   စစ်သွေးကြွများ၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် တူရကီစစ်ဘက်က  စစ်သွေးကြွအဖွဲ့ကို  တိုက်ထုတ်နိုင်ခဲ့ကြောင်း  သိရသည်။

အာဝက်ကို   ဖမ်းဆီးနိုင်ခဲ့ခြင်းသည် စစ်သွေးကြွအဖွဲ့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရယူနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း၊    ထို့ပြင်စစ်သွေးကြွ အဖွဲ့မှ ထင်ရှားသည့် ခေါင်းဆောင်များကို ဖမ်းဆီးနိုင်ရန် အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း  အမည်မဖော်လိုသူ   တူရကီအရာရှိတစ်ဦးက  ပြောသည်။

 

Ref: Press TV

Read 32 times Last modified on Wednesday, 06 November 2019 09:03