SJ WorldNews - шаблон joomla Авто

တာဂျစ် ကစ္စတန် နယ်စပ်ရှိ တပ်စခန်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သေနတ်သမားများ အကြား တိုက်ခိုက်မှုဖြစ်ပွား၊ ၁၇ ဦးသေဆုံး

Thursday, 07 November 2019 09:43 font size decrease font size decrease font size increase font size increase font size

ဒူရှန်ဘဲ၊ အကြမ်းဖက်တိုက်ခိုက်မှု

တာဂျစ်ကစတန်နှင့် ဥဇဘက်ကစတန် နှစ်နိုင်ငံနယ်စပ်ရှိ တပ်စခန်းတစ်ခု၌ မျက်နှာ ဖုံးတပ်ဆင်ထားသော သေနတ် သမားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက် ခိုက်မှုဖြစ်ပွားရာ ၁၇ ဦးသေဆုံးကြောင်း တာဂျစ်ကစတန်   တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်တွင်ပြောသည်။

သေနတ်သမား ၂၀ ခန့်သည် တပ်စခန်းမှ လုံခြုံရေးအစောင့်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စတင်တိုက်ခိုက်ကာ သတ်ဖြတ် ခဲ့ပြီးနောက်  ၎င်းတို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမား ၁၅ ဦးကို ချေမှုန်းနိုင်ခဲ့ ကြောင်း တာဂျစ် ကစတန် အမျိုးသားလုံခြုံရေးကော်မတီက ပြောသည်။

ထို့ပြင် ကျန်ငါးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အခြား သတင်းအချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ဒူရှန်ဘဲ မြို့တော် အနောက်တောင်ဘက် ကီလိုမီတာ၅၀ (မိုင် ၃၀)အကွာတွင်  ဖြစ်ပွားသော အဆိုပါ ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ  ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။

Ref: Reuters

Read 35 times Last modified on Thursday, 07 November 2019 09:46