SJ WorldNews - шаблон joomla Авто

ဆော်ဒီ ထောက်ခံသော ယီမင်အစိုးရနှင့် တောင်ပိုင်း ခွဲထွက်ရေး အဖွဲ့ သဘောတူ စာချုပ်ချုပ်ဆို

Thursday, 07 November 2019 09:46 font size decrease font size decrease font size increase font size increase font size

ရီယတ်၊ နိုင်ငံရေး

ဆော်ဒီကထောက်ခံသော ယီမင်အစိုးရ နှင့် တောင်ပိုင်းခွဲထွက်ရေးအဖွဲ့သည် ယီမင်နိုင်ငံတောင်ပိုင်း၌ဖြစ်ပွားနေသော ပဋိပက်္ခ ကို အဆုံးသတ်ရန်အတွက် နိုဝင်ဘာ ၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးသည် ဟု သိရသည်။

၂၀၁၄ ခုနှစ်   နှစ်ကုန်ပိုင်းမှ စတင်၍ ယီမင်နိုင်ငံ၌ မန်ဆောဟာဒီအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့်    ဟူသီသူပုန် အဖွဲ့ကို ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ   ခွဲထွက်ရေးအဖွဲ့ဖြစ်သော တောင်ပိုင်းအသွင် ကူးပြောင်း ရေးကောင်စီ (STC) သည် အစိုးရအုပ်ချုပ်မှု အောက်တွင်ရှိသော အခြားတောင်ပိုင်းသူ၊ တောင်ပိုင်းသားများ၊ လက်နက် ကိုင် တပ်ဖွဲ့ အားလုံးနှင့်အတူ  အစိုးရ အဖွဲ့သစ်တွင် ပူးပေါင်းမည်ဖြစ်ကြောင်း ယီမင်နိုင်ငံဆိုင်ရာ ဆော်ဒီသံ အမတ်က  သတင်းထောက်များကို ပြောသည်။ ဆော်ဒီအာရေဗျနိုင်ငံ၌ ယီမင်အစိုးရအဖွဲ့နှင့် ခွဲထွက်ရေးအဖွဲ့ အကြား  တစ်လ နီးပါးကြာ တစ်ဆင့်ခံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်   အဆိုပါသဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူ စာချုပ်သည် ယီမင် အစိုးရနှင့်  ခွဲထွက်ရေးအဖွဲ့အကြား  ပဋိပကကို  နိုင်ငံရေးအရ ဖြေရှင်းနိုင်ခြင်း ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ်စေမည်ဖြစ်ကြောင်း ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်မန်က ရီယတ်မြို့၌ ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။

ယီမင်စစ်ပွဲကို အဆုံး သတ်စေမည့်  သဘောတူ စာချုပ်ချုပ်ဆို နိုင်ခြင်းနှင့် ပတ်သက်၍ ကြိုဆိုဂုဏ်ပြုကြောင်း အမေရိ ကန်  သမတ ဒေါ်နယ် ထရမ့်က ၎င်း၏ တွစ်တာ အကောင့်တွင် ရေးသားထားသည်ဟု သိရသည်။                  

Ref: Reuters

Read 19 times Last modified on Thursday, 07 November 2019 09:47