SJ WorldNews - шаблон joomla Авто

ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို တရုတ်နှင့်ပြင်သစ်လက်မှတ်ရေးထိုး

Thursday, 07 November 2019 09:47 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ပူးပေါင်းဆောင်ရွက်မှု

တရုတ်နိုင်ငံသို့  ပြင်သစ်သမ်္မတ အီမန် နျူရယ်မက်ခရွန် အလည်အပတ်ရောက်ရှိ နေစဉ် နှစ်နိုင်ငံအစိုးရ အဖွဲ့က ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း   တရုတ် အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် လေယာဉ်တည်ဆောက်ခြင်းနှင့် ပျံသန်းခြင်း၊ စွမ်းအင် နှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက်များပါဝင်သည်။ ထို့ပြင်  နှစ်နိုင်ငံကြား ချမှတ်သည့် သဘောတူညီချက်အရ ပြင်သစ်ကုမဏီ ၂၀ခန့်က တရုတ်နိုင်ငံသို့ အမဲသား၊ ၀က်သား နှင့် ကြက်သား၊ ဘဲသားတို့ကိုပါ တင်ပို့နိုင် မည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံကြား စွမ်းအင်ဆိုင်ရာ နားလည်မှု စာချွန်လွှာကို  တရုတ်နိုင်ငံမှ Beijing Gas Group နှင့် ပြင်သစ်ကုမဏီကြီး တစ်ခု ဖြစ်သည့် Utility Engie  တို့ကြား လက်မှတ် ရေးထိုးခြင်းဖြစ်ပြီး   အဆိုပါပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် အရ တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရာ အဆောက်အအုံ တစ်ခု  တည်ဆောက် ရာတွင်   နှစ်နိုင်ငံစလုံးက ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း  သိရသည်။

ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုမှ ကာကွယ်နိုင်ရေး အသုံးပြု သည့် အလွှာပါးနည်း ပညာကို ထောက်ပံ့ပေးနေသော ပြင်သစ်ကုမဏီကြီးတစ်ခုက တရုတ် နိုင်ငံတွင် လက်ရှိ လုပ်ဆောင်နေသည့် သဘာဝ ဓာတ်ငွေ့သိုလှောင်ရေး စီမံကိန်းများတွင် ပါဝင်မည်ဖြစ်ကြောင်း Beijing Gas Group မှ  အမှုဆောင်အရာရှိ တစ်ဦးက ပြောသည်။

မက်ခရွန်သည် သမတအဖြစ် တာဝန်ယူ ပြီးချိန်မှစ၍ တရုတ်နိုင်ငံသို့  ဒုတိယအကြိမ် အဖြစ်   အလည်အပတ် ရောက်ရှိ လာပြီး  နိုဝင်ဘာ ၆ ရက်တွင် တရုတ်သမတ ရှီကျင့်ဖျင်နှင့်  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။        

Ref: Reuters

Read 22 times Last modified on Thursday, 07 November 2019 09:48