SJ WorldNews - шаблон joomla Авто

ပြင်သစ် ရဲတပ်ဖွဲ့က ပဲရစ်မြို့မှ ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ရှား

Friday, 08 November 2019 09:39 font size decrease font size decrease font size increase font size increase font size

ပဲရစ်၊ ပြည်တွင်းရေး

ပြင်သစ်ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ  ၇ ရက်တွင် ပဲရစ်မြို့မြောက်ပိုင်းရှိထိန်းသိမ်း ရေးစခန်းနှစ်ခုမှ ရွှေ့ပြောင်းနေထိုင် သူဒုကသည် ၁၆၀၀ ကျော်ဖယ်ရှားလိုက်ကြောင်း  သိရသည်။

ပြင်သစ်အစိုးရက လူဝင်မှုကြီးကြပ်ရေး ကိုပြန်လည်ထိန်းချုပ်ရန် တင်းကျပ်သောပြဋ္ဌာန်းချက်များကို ထုတ်ပြန်ပြီးနောက်

တစ်နေ့တွင် ရဲတပ်ဖွဲ့က ယခုကဲ့သို့ဆောင် ရွက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ရွှေ့ပြောင်းနေထိုင်သူ ဒုကသည်များကို ဖယ်ရှားမှုသည် နှစ်ပေါင်းများစွာ အတွင်း ပဲရစ်မြို့၌ လုပ်ဆောင်သည့်  အကြီးမားဆုံး ဖယ်ရှားမှုတစ်ခုဖြစ် ကြောင်း သိရသည်။

အဆိုပါရွှေ့ပြောင်းနေထိုင်သူ ဒုကသည် များကို ရဲတပ်ဖွဲ့ဝင် ၆၀၀ ခန့်က လိုက်ပါစောင့်ကြပ်ကာ ပြန်လည်နေရာ ချထားရေး ဌာနများသို့  ပို့ဆောင်ပေးခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို ဒေသစံတော်ချိန်နံနက်   ၆ နာရီဝန်းကျင်တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ပဲရစ်မြို့  ပေါ်တီဒီလာ ချာပလီအနီးရှိ ပဲရစ်မြို့ပတ် လမ်းများ၏ နေရာအချို့၌  ခိုလှုံခွင့်ပေးထားသည့် ရွှေ့ပြောင်း နေထိုင် သူ ဒုကသည်များကို ဖယ်ရှားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ရွှေ့ပြောင်းနေထိုင်သူ ဒုကသည်များအတွက် အနရာယ်ရှိသည့် အခြေအနေမျိုးကို ခွင့်မပြုနိုင်ကြောင်းနှင့် ဒုက်္ခသည် များကို ဖယ်ရှားသည့် လုပ်ငန်းစဉ်သည် ၂၀၁၅ ခုနှစ်တွင် ထိန်းသိမ်းရေး စခန်းများ ပေါများလာသည့် အချိန်မှစ၍ ပဲရစ်မြို့တွင် အကြီးမားဆုံး စစ်ဆင်ရေး တစ်ခုဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့မှ အကြီးအကဲ ဒီဒိုင်ရာ လာလီမန့်က သတင်း ထောက်များကို ပြောသည်။

Ref: The Straits Times

Read 25 times Last modified on Friday, 08 November 2019 09:47