SJ WorldNews - шаблон joomla Авто

အခွန်ကောက်ခံမှုကိုလျှော့ချရန် အမေရိကန်နှင့် တရုတ်တို့သဘောတူ

Friday, 08 November 2019 09:42 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကုန်သွယ်ရေး

အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေစဉ် တစ်နိုင်ငံ ၏ သွင်းကုန် ပစည်းများအပေါ်  တစ်နိုင်ငံက အခွန်ကောက်ခံမှုကိုလျှော့ချရန် နှစ်နိုင်ငံစလုံးက သဘောတူကြောင်း  တရုတ်ကုန် သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဖန်၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း နှစ်နိုင်ငံစလုံးမှထိပ်တန်း စေ့စပ်ညှိနှိုင်းသူများသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ပြီး    ထပ်ဆောင်း အခွန် ကောက်ခံခြင်းကိုဖယ်ရှားရန်  သဘောတူခြင်းဖြစ်ကြောင်း ဂေါင်ဖန်က နိုဝင်ဘာ ၇ ရက်တွင်ပြောသည်။

တရုတ်နှင့်အမေရိကန်တို့အနေဖြင့် ပထမ အဆင့်ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ပါက နှစ်ဖက်စလုံးအနေဖြင့် သဘော တူစာချုပ်ပါစည်းကမ်းချက်များအပေါ်အခြေခံ၍   လက်ရှိကောက်ခံနေသော  ထပ်ဆောင်းအခွန်ကောက်ခံမှုကို လျှော့ချ သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရဘက်မှ  အတည်ပြု ပြီးပါက အဆိုပါသဘောတူညီချက်သည် ကမာ့စီးပွားရေးကိုပါ  ထိခိုက်စေ နိုင်သော ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကို လျှော့ချနိုင်မည့်လမ်းပြမြေပုံတစ်ခု  ဖြစ်လာနိုင်ဖွယ်ရှိသည်။

စေ့စပ်ညှိနှိုင်းမှုစတင်စဉ်ကတည်းက တရုတ်သည် အမေရိကန် သမတ ဒေါ်နယ်ထရမ့် ချမှတ်ထားသော   ပြင်းထန်သည့် အခွန်ကောက်ခံမှုကို ဖယ်ရှားပေးရန် အဓိက ထားတောင်းဆိုခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့ အမှန်တကယ် သဘော တူညီ ချက်ချမှတ်ခြင်း ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ ယင်းအခြေအနေသည်   အမေရိကန်၏ အခွန် ကောက် ခံမှုအပေါ် တရုတ်က မည်ကဲ့သို့တုံ့ပြန်မည်ဆိုသည့် အခြေအနေကိုပါ ပြောင်းလဲစေမည်ဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံ သူများမှာ ယခုအချိန် အထိသတိထားနေရဆဲဖြစ်ကြောင်း OCBC  ဘဏ်မှ စီးပွားရေး ပညာရှင်  တွမ်မီရှီက ပြောသည်။

နောက်ဆုံး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် မည်သည့်နေရာ၊ မည်သည့် အချိန်တွင် ဆောင်ရွက်မည်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဂေါင်ဖန်က ဆက် ပြောသည်။

Ref: Bloomberg

 

Read 34 times Last modified on Friday, 08 November 2019 09:45