SJ WorldNews - шаблон joomla Авто

အစ္စတန်ဘူ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး IS အဖွဲ့၏ အတွင်းရေးများကို ဘဂ္ဂဒါဒီ၏ ဇနီးကထုတ်ဖော်

Friday, 08 November 2019 09:45 font size decrease font size decrease font size increase font size increase font size

ချေမှုန်းခံလိုက်ရပြီဖြစ်သော IS စစ်သွေး ကြွအဖွဲ့ခေါင်းဆောင်  အဘူဘာကာအယ် ဘဂဒါဒီ၏ အဖမ်း ခံထားရသော ဇနီးက IS အဖွဲ့၏ အတွင်းရေးများကို ထုတ်ဖော်ပြောဆိုကြောင်း တူရကီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘဂ္ဂဒါဒီ၏ ဇနီးသည် ၎င်း၏အမည်ကို ရာနီယာမာမတ်အဖြစ် ပြောသော်လည်း အမည်ရင်းမှာ အတ်မာဖော်ဇီမူဟာ မတ်အယ် ကီဘေစီဖြစ်ကြောင်းနှင့် ဘဂဒါဒီ၏ ပထမဆုံး ဇနီးဖြစ်ကြောင်း အဆိုပါ တာဝန် ရှိသူကဆက်ပြောသည်။

ဘဂဒါဒီသည်    ပြီးခဲ့သည့်လတွင် ဆီးရီးယားနိုင်ငံ၌ အမေရိကန် အထူးတပ်ဖွဲ့၏ စီးနင်းမှုအတွင်း ၎င်းကိုယ်၎င်းအဆုံး စီရင် သွားသူဖြစ်သည်။ အဆိုပါအမျိုးသမီး ကိုမူ ဆီးရီးယားနိုင်ငံနယ်စပ်အနီး ဟာတေပြည်နယ်၌  ၂၀၁၈ ခုနှစ် ဇွန်    ရက်ကတည်းက ဘဂဒါဒီ၏ သမီး လေလာဂျာဘာ အပါအ၀င် အခြား ၁၀ ဦးနှင့်အတူဖမ်းဆီးထားခြင်းဖြစ်သည်။

အဆိုပါမိသားစုဆက်နွှယ်မှုကို အီရတ် တာဝန်ရှိသူများပေးပို့သော  ဘဂဒါဒီ၏ DNA နမူနာမှ တစ်ဆင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း  တူရကီ တာဝန်ရှိသူကပြောသည်။

တာဝန်ရှိသူများ အနေဖြင့် သတင်းအချက်အလက်အများစုကိုအတည်ပြုနိုင်ကာ အခြားနေရာ၌ဖမ်းဆီးမှုအများအပြား လုပ်ဆောင်နိုင်မည့် နောက်ထပ် သတင်းများ ကိုလည်းရရှိခဲ့ကြောင်း ၎င်းကဆိုသည်။ ဘဂ္ဂါဒါဒီ၏ဇနီးကို  ဖမ်းဆီး ထားကြောင်း သမတ ရီဆပ်တေယစ် အာဒိုဂန်က နိုဝင်ဘာ ၆ ရက်တွင် ပထမဆုံးထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။     

Ref: The Straits Times

Read 28 times Last modified on Friday, 08 November 2019 09:47