SJ WorldNews - шаблон joomla Авто

မဟာသီယာ မိုဟာမတ်က နိုင်ငံ၏ ပြဿနာများကို မဖြေရှင်းပြီးမချင်း ရာထူးမှ နုတ်ထွက်မည်မဟုတ်

Friday, 08 November 2019 09:47 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ ပြည်တွင်းရေး

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်က နိုင်ငံ၏ ပြဿနာများကို မဖြေရှင်းပြီးမချင်း  ရာထူးမှနုတ်ထွက်မည် မဟုတ်ဟု ပြောသည်။

ထိုပြဿနာများတွင် အမေရိကန် ဒေါ်လာဘီလီယံ ပေါင်းများစွာ ပါဝင်သည့် 1MDB ကုမဏီ ငွေကြေးအရှုပ်တော်ပုံ၊  ထွက်ပြေး တိမ်းရှောင်နေသည့် စီးပွားရေး လုပ်ငန်းရှင် ဂျိုလိုကို ရှာဖွေဖမ်းဆီးပြီး တရားစွဲဆိုခြင်းနှင့် အစိုးရ၏ ၀န်ဆောင် မှု ကဏ္ဍများတွင် ဖြစ်ပွားနေသည့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးတို့ ပါဝင်ကြောင်း မဟာသီယာ မိုဟာမတ်က Financial Times သတင်းဌာနသို့ပြောသည်။

၎င်းင်းအနေဖြင့် ဘဏ္ဍာရေး ပြဿနာများကို ဖြေရှင်းရာတွင်  အတွေ့အကြုံရှိသောကြောင့် ရာထူးမှနုတ်မထွက်မီ ထိုပြ ဿနာ များကိုဖြေရှင်းပေးသွားရန် အများစုက ဆနရှိနေကြောင်း  မဟာသီယာ မိုဟာမတ်က ဆက်ပြောသည်။ ထို့ပြင် ၀န်ကြီးချုပ် ရာထူး ကိုဆက်ခံမည့်သူများကိုရွေးချယ်ရာတွင် ၎င်းအနေဖြင့်   အမှားအယွင်းများလုပ်မိ ကြောင်း၊ ယခုအခါ အလားတူ အမှားမျိုး ထပ်လုပ်မည်မဟုတ်ကြောင်း မဟာသီယာ မိုဟာမတ်က ဆိုသည်။  ၀န်ကြီးချုပ်များ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် အဗ်္ဗဒူလာ အာမက်ဘာဒါဝီနှင့်  နာဂျစ် ရာဇက်တို့ကို ၀န်ကြီးချုပ် ရာထူးဆက်ခံမည့် သူများအဖြစ် ရွေးချယ် မိသည့် အတွက် ၀မ်းနည်းကြောင်း  ၎င်းကပြောသည်။ 

Ref: The Star, ANI

Read 37 times Last modified on Friday, 08 November 2019 09:56