SJ WorldNews - шаблон joomla Авто

နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး စီမံချက်အသစ်များ စုစည်းရန် ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

Saturday, 09 November 2019 11:42 font size decrease font size decrease font size increase font size increase font size

တိုကျို၊ စီးပွားရေး

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ထောက်ပံ့ ပေးနိုင်သော စီမံချက်များကို စုစည်းရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို ကိုင် တွယ်ဖြေရှင်းနိုင်မည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် နိုဝင်ဘာ ၈ ရက် တွင် ၎င်း၏ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အစိုးရအဖွဲ့၏ ထိပ်တန်းပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စီမံချက်တွင် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေအစီအစဉ်များကို အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို တိုးမြှင့်မည့် နည်းလမ်း များ ပါဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါက သတင်း ထောက်များကို ပြောသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အဆိုပြုချက်များ အပေါ်မူတည်၍ ကုန်ကျစရိတ်ကို တွက်ချက်ရမည် ဖြစ်သော်လည်း   အစိုးရအဖွဲ့သည် ယင်းစီမံချက်များကို အမြန်ဆုံး စုစည်းမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက အစိုးရအဖွဲ့၏ ပုံမှန် အစည်း အဝေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပြည်ပနိုင်ငံများ၏ စီးပွားရေး အခြေအနေများကြောင့် နိုင်ငံ၏စီးပွားရေးကို ထိခိုက်လာ နိုင်သဖြင့် ယင်းအခြေအနေကို ကြိုတင်ကာကွယ်ရန်အတွက် စီးပွားရေး စီမံကိန်း အသစ်များကို စုစည်းရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားများ ကြောင့် ပို့ကုန်အဓိက အားထားရသော ဂျပန်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်သဖြင့်  ယင်းအခြေအနေကို ကာကွယ်ရန်အတွက် မူဝါဒရေးဆွဲရန် ဂျပန်နိုင်ငံ၏ မူဝါဒ ရေးဆွဲသူ များမှာ ဖိအားပေးခံ ရလျက်ရှိသည်။

အသစ်ရေးဆွဲထားသော စီးပွားရေး မူဝါဒများအနေဖြင့် ထုတ်ကုန်တိုးမြှင့်မှုကို အကူ အညီ ပေးမည့်အစီအစဉ်များ ပါဝင်သင့်ပြီး လူဦးရေကျဆင်းမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့်ဖိအားများကို ကျော်လွှားနိုင်ရန်အတွက် ထောက်ပံ့မှုများစွာလည်း လိုအပ် ကြောင်း ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက ပြောသည်။ 

Ref: Reuters

Read 22 times Last modified on Saturday, 09 November 2019 11:44