SJ WorldNews - шаблон joomla Авто

ဟောင်ကောင်အကြမ်းဖက် ဆန္ဒပြသူများက လူဆိုးများဖြစ်သည်ဟု တရုတ်အစိုးရပြော

Saturday, 09 November 2019 11:46 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ပြည်တွင်းရေး

ဟောင်ကောင်၌ ဒေသတွင်းရွေးကောက် ပွဲများကျင်းပအံ့ဆဲဆဲတွင် တရုတ်အစိုးရကို လိုလားသော လွှတ်တော်အမတ်တစ်ဦးကို ဓားထိုးတိုက်ခိုက်သည့် ဟောင်ကောင် အကြမ်းဖက် ဆန္ဒပြသူများသည် လူဆိုးများ ဖြစ်သည်ဟု တရုတ်အစိုးရက ပြင်းပြင်း ထန်ထန် အပြစ်တင် ဝေဖန်ထားသည်။

ပန်းစည်း ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးသည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်း တွင် တရုတ်အစိုးရကို ထောက်ခံသော လွှတ်တော်အမတ်  ဂျူးနီးယက်ဟိုထံ ချဉ်းကပ် ကာဓားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

ဂျူးနီးယက်ဟိုသည် တရုတ်နယ်စပ်အနီးရှိ မဲဆန္ဒနယ်၌ ရွေးကောက်ပွဲအတွက် စည်းရုံး ရေးလုပ်ဆောင်စဉ် ယခုကဲ့သို့ တိုက်ခိုက် ခံရခြင်းဖြစ်သည်။ အဆိုပါ ဓားထိုးတိုက်ခိုက်မှု သည် ရာဇဝတ်မှုဖြစ်သည်သာမက စစ်မှန်သော ရွေးကောက်ပွဲကို အကြမ်းဖက်မှုလည်း ဖြစ်သည်ဟု တရုတ်ဗဟိုအစိုးရ၏ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ရှုလူယင်းက ပြောသည်။

ဟောင်ကောင်ဒေသ ခရိုင်ရွေးကောက် ပွဲများအတွက် တရားမျှတမှု၊ မှန်ကန်မှု၊ စိတ်ချမှု နှင့်ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းစေရန်နှင့် အကြမ်းဖက် ဆန္ဒပြမှုများကို ပြင်းပြင်း ထန်ထန်အပြစ်ပေးရန် ၎င်းက တောင်းဆိုထားသည်။

အဆိုပါဒေသတွင်း ရွေးကောက်ပွဲများကို နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ရဲတပ်ဖွဲ့၏ တာဝန်ယူမှုနှင့် ဒီမိုကရေစီ အခြေခံသော လွတ်လပ်မှုများရရှိရေး အတွက်    ငါးလကြာ လုပ်ဆောင်နေသည့် အကြမ်းဖက် ဆန္ဒပြမှုများက နိုင်ငံတကာ     စီးပွားရေး ဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ကို တုန်လှုပ်စေကြောင်း သိရသည်။

Ref: The Straits Times

Read 19 times Last modified on Saturday, 09 November 2019 11:47