SJ WorldNews - шаблон joomla Авто

ရှားပါးတရုတ် ရေနွေးကရား အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ဖြင့် ရောင်းချနိုင်

Thursday, 14 November 2019 09:18 font size decrease font size decrease font size increase font size increase font size

ရှားပါးတရုတ်ရေနွေးကရားတစ်လုံးကို လေလံပွဲ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ရောင်းချနိုင်ပြီး ယင်းတန်ဖိုးသည် မူလလေလံပွဲ သတ်မှတ်တန်ဖိုးထက် အဆ ၁ဝဝဝ ခန့်ရှိကြောင်း BBC သတင်းဌာန ကထုတ်ပြန်သည်။

လေလံပစ်သူများက ယင်းရေနွေးကရားကို အမေရိကန်ဒေါ်လာ ၁၂၈၅ နှင့် ၂၅၇ဝ ကြား တန်ဖိုးဖြတ်သော်လည်း ၁ဝ မိနစ်အတွင်း အဆိုပါ ရေနွေးကရားကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၁၃ စင်တီမီတာရှိသော အစိမ်းနုရောင် အဆိုပါ ရေနွေးကရားသည် ကျန်းလုန်တံဆိပ် အမှတ်အသားနှင့် ဆီလာဒမ်စဥ့် သစ်တော်သီးပုံသဏ္ဌာန်ရှိ ရေနွေးကရားဖြစ်ပြီး ယင်းအမှတ်အသားသည် ၁၇၃၆ ခုနှစ်မှ ၁၇၉၅ ခုနှစ်အထိ တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့သော ကျန်လုန်အင်ပါယာ၏ အမှတ်တံဆိပ်ဖြစ်သည်။

အနည်းငယ် ပျက်စီးနေသော   အဆိုပါရေနွေးကရား၏ အဖုံးတွင် အင်ပါယာခေတ် တရုတ်၏ စည်းလုံးမှု သင်္ကေတအဖြစ် မက်မွန်သီးနှင့် အစေ့ပါရှိသည်။       Ref: CNA

Read 33 times Last modified on Thursday, 14 November 2019 09:18