SJ WorldNews - шаблон joomla Авто

ဗင်းနစ်မြို့၌ ထူးကဲဒီရေတက်၊ မြို့ကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်

Thursday, 14 November 2019 09:20 font size decrease font size decrease font size increase font size increase font size

အီတလီနိုင်ငံ ဗင်းနစ်မြို့၌ သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြင့်ဆုံးထူးကဲ ဒီရေတက်မှုပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် မြို့တော်ဝန်က ဗင်းနစ်မြို့ကို သဘာဝ ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက် ကြောင်း သိရသည်။

ထူးကဲဒီရေတက်မှုကြောင့် ဗင်းနစ်မြို့ရှိ သမိုင်းဝင်ဘုရားရှိခိုးကျောင်း၊ ရင်ပြင်များစွာနှင့် လမ်းများ ရေအောက်သို့ ရောက်သွားကြောင်း သိရသည်။

ဗနီးရှင်းမြစ်နီးကမ်းစပ်ရေအိုင်ဒေသရှိ ကျွန်းများစွာ အနက်တစ်ခုဖြစ်သည့် ပယ်လက်စထရီနာကျွန်းရှိ ဒေသခံတစ်ဦးသည် လျှပ်စီးလက်စဉ် လျှပ်စစ်ရေတင်စက်ကို အသုံးပြုမှုကြောင့် သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

ဒီရေသည် နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၅ဝ တွင် ၁၈၇ စင်တီမီတာ အမြင့်ထိတက်ကြောင်း နှင့် အဆိုပါ ဒီရေတက်မှုသည် ၁၉၆၆ ခုနှစ်တွင် စံချိန်တင်ဒီရေတက်သည့် ၁၉၄ စင်တီ မီတာအမြင့်ကိုရောက်ရန် အနည်းငယ်သာ လိုတော့ကြောင်း ဗင်းနစ်မြို့ တာဝန်ရှိသူ များကပြောသည်။

မြို့လယ်ကောင်၌ ဒီရေများမြင့်တက်လာမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်သည့် မြင်ကွင်းသည် ကမ္ဘာပျက် သည့် ပမာဖြစ်ကြောင်း ဗင်းနစ်မြို့အုပ်ချုပ်ရေးမှူး လူကာဇိုင်ယာက ပြောသည်။

ဗင်းနစ်ကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ်  ကြေညာကာ  အပျက်အစီးများအတွက် ထောက်ပံ့စရိတ်ရရှိရေး အရေးပေါ် အခြေအနေ ထုတ်ပြန်ပေးရန် အစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် လူဂျီဘရူနာရိုက ပြောသည်။

Ref: Reuters

Read 33 times Last modified on Thursday, 14 November 2019 09:21