SJ WorldNews - шаблон joomla Авто

အီရန်နိုင်ငံ၌ ဆန္ဒပြမှုများအတွင်း ရဲအရာရှိများစွာ သေဆုံး

Tuesday, 19 November 2019 09:29 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံ၌ အကြမ်းဖက်ဆူပူ ဆန္ဒပြမှုများ ဖြစ်ပွားစဉ်အတွင်း  ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့်    ရဲအရာရှိများစွာ သေဆုံးကြောင်း အစိုးရမှပြောရေးဆိုခွင့် ရှိသူ အလီရာဘီရီးက ပြောသည်။

အဆိုပါ ဆူပူဆန္ဒပြမှုများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခြင်း ဖြစ်သည်။ အီရန်အစိုးရသည်  ရေနံဈေး နှုန်းကို ၅ဝ ရာခိုင်နှုန်းတိုးမြှင့်ရန်   ထုတ်ပြန်ကြေညာပြီးနောက် ဆန္ဒပြသူများက နိုင်ငံတစ်ဝန်းရှိ မြို့များစွာ၌ ဆန္ဒပြမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရ၏ အဆိုပါ ရေနံဈေးနှုန်းတိုးမြှင့်မှု အစီအစဉ်သည်     ဝင်ငွေနည်းပါးသည့် မိသားစုဝင်များကို ကူညီထောက်ပံ့ရာ ရောက်ကြောင်း ယင်းကိစ္စရပ်အပေါ် ဆန့်ကျင်သူများကိုလည်း ၄င်းအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း အီရန်နိုင်ငံ ဦးသျှောင် အလီခါမေနီက ပြောသည်။

ထို့ပြင်   ၄င်းအနေဖြင့်    အစိုးရ၏ အစီအစဉ်များအပေါ် ကြိုဆိုလက်ခံကြောင်း အလီခါမေနီက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယခုသီတင်းပတ် အကုန်တွင် ဖြစ်ပွားသည့် ဆူပူဆန္ဒပြမှုအတွင်း လူနှစ်ဦးသေဆုံးကြောင်း နိုင်ငံပိုင် သတင်းဌာန၏ ထုတ်ပြန်ချက်အရ   သိရသည်။ 

အီရန် နျူကလီးယား သဘောတူ စာချုပ်မှ အမေရိကန် နုတ်ထွက်ပြီးနောက် ၂ဝ၁၈ခုနှစ်တွင် အခွန်တိုးမြှင့် ကောက်ခံ သည့် အတွက်   အီရန်အနေဖြင့်   လက်ရှိတွင် အမေရိကန်၏ တင်းကျပ်သော စီးပွားရေး အရေးယူ ပိတ်ဆို့မှု များနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို ပြသနေကြောင်း သိရသည်။

Ref: The Straits Times

Read 31 times Last modified on Tuesday, 19 November 2019 09:30