SJ WorldNews - шаблон joomla Авто

ရုရှားက ယူကရိန်း စစ်ရေယာဉ် သုံးစင်းကို ပြန်လည် လွှဲပြောင်း ပေးအပ်

Tuesday, 19 November 2019 09:30 font size decrease font size decrease font size increase font size increase font size

ရုရှားအစိုးရ အနေဖြင့် ၂ဝ၁၈  ခုနှစ်တွင် ကာ့ရေလက်ကြား၌  ဖြစ်ပွားသော မတော်တဆမှုအတွင်း ဖမ်းဆီးထိန်းသိမ်း ထားသည့် ယူကရိန်း စစ်ရေယာဉ် သုံးစင်းကို ယူကရိန်းအစိုးရသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ကြောင်း ရုရှားနိုင်ငံခြား ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရုရှားအစိုးရက ယင်းမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီးသည့် အတွက် အဆိုပါ ရေယာဉ်များကို မလိုအပ် တော့သောကြောင့် ယူကရိန်းသို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်ပြီး နယ်စပ်၌ရန်စမှုများကို တင်းတင်းကျပ်ကျပ် ဆက်လက် နှိမ်နင်းသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

အဆိုပါ ရေယာဉ်များကို နိုင်ငံ၏ ရေပိုင်နက်သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ကာ့ရေလက်ကြား၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ရုရှားက ဖမ်းဆီးထားခြင်း ဖြစ်သည်။

ရေယာဉ်များပြန်လည် ပို့ဆောင်ရေး လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီးနောက် ယင်းသင်္ဘောများသည် အိုဒတ်ဆာဒေသသို့  မကြာမီရောက်ရှိမည်ဟု ယူကရိန်းရေတပ်မှ တပ်မှူး အိုင်ဟော်ဗိုရွန်ချန်ကိုက ပြောသည်။

ရေယာဉ်များပြန်လည် လက်ခံရရှိသော်လည်း ရုရှားအစိုးရကို ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) ရုံးတင်ရေး အစီအစဉ်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း ယူကရိန်းအစိုးရက ပြောသည်ဟု ဥရောပ ပေါင်းစည်းရေး ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အိုလန် နာဇာကယ်က ပြောသည်။

ITLOS က ယင်းကိစ္စကို ကိုင်တွယ်ရန် လုပ်ပိုင်ခွင့် မရှိသည့်အတွက်     ကြားနာစစ်ဆေးမှုတွင် ရုရှားအနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း ရုရှားအစိုးရက ပြောသည်။

ယင်းရေယာဉ်များကို ပြန်ပို့သည့် ရုရှား၏ ဆုံးဖြတ်ချက်သည် ITLOS နှင့်သက်ဆိုင်မှု မရှိကြောင်း ကရင်မလင် နန်းတော်က ပြောသည်ဟု သိရသည်။

Ref: Sputnik

Read 24 times Last modified on Tuesday, 19 November 2019 09:31