SJ WorldNews - шаблон joomla Авто

တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော စမ်းသပ် လေ့ကျင့်မှုများ လုပ်ရန် တောင်တရုတ် ပင်လယ်သို့ ထွက်ခွာ

Tuesday, 19 November 2019 09:31 font size decrease font size decrease font size increase font size increase font size

တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောသည်   စမ်းသပ်လေ့ကျင့်မှုများ လုပ်ရန် တောင်တရုတ်ပင်လယ်သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း    တရုတ်ရေတပ်က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို  ဖြတ်သန်းမောင်း နှင်ပြီးနောက် သိပ္ပံပညာ ရပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများနှင့်  ပုံမှန်ပြုလုပ်မြဲ လေ့ကျင့်မှုများ လုပ်ဆောင်ရန် တောင်တရုတ် ပင်လယ်သို့ ဆက်လက် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလုပ်ဆောင်မှုသည် လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးတွင် ပါဝင်သည့် သာမန်လုပ်ဆောင်မှုမျှသာဖြစ်ပြီး မည်သည့် ပစ်မှတ်ထားမှုမျှမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောအပါအဝင် တရုတ် စစ်ရေယာဉ်စုက  ထိုင်ဝမ်ရေလက်ကြားမှ  ဖြတ်သန်း မောင်းနှင်လာစဉ် အမေရိကန်နှင့်  ဂျပန်စစ်ရေယာဉ်များက နောက်ယောင်ခံစောင့်ကြည့်ကြောင်း သိရသည်။

တရုတ်အစိုးရသည် နိုင်ငံ၏ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို အမည်မပေး ရသေးသော်လည်း ပြီးခဲ့သည့် နှစ်မှစ၍ ရေချစမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် အဆိုပါ လေယာဉ်တင်သင်္ဘောကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း အသုံးပြုနိုင်ဖွယ် မရှိသေးကြောင်း တရုတ်စစ်ရေး ကျွမ်းကျင်သူများက ပြောသည်။

ယူကရိန်းမှ ဝယ်ယူထားသည့် လျောင်နင် လေယာဉ်တင် သင်္ဘောကို ပြန်လည် မွမ်းမံရာမှ  ရရှိသော အတွေ့အကြုံ များအပေါ် အခြေခံ၍ အဆိုပါ ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို တည်ဆောက် ထားခြင်းဖြစ်ကြောင်း   တရုတ်အစိုး ရက ထုတ်ပြန်ထားသည်။                     

Ref: Reuters

Read 39 times Last modified on Tuesday, 19 November 2019 09:32