SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား အနေဖြင့် စစ်ပွဲကို မျှော်မှန်းပြင်ဆင်ထားရန် လိုအပ်ဟု ကင်ဂျုံအွန်ပြော

Tuesday, 19 November 2019 09:32 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားအနေဖြင့် စစ်ပွဲကိုမျှော်မှန်းပြင်ဆင်ထားရန်လိုအပ်ကြောင်း  ကင်ဂျုံအွန်က ပြောသည်ဟု   နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က စီစဉ်ထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရွှေ့ဆိုင်းကြောင်း ပြောပြီးနောက် ကင်ဂျုံအွန်က    ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

မြောက်ကိုရီးယား စစ်သည်များအနေဖြင့် အသင့်ရှိမှု တိုးတက်လာစေရေးအတွက် တကယ်ဖြစ်ပွားနေသည့် စစ်ပွဲကဲ့သို့ သရုပ်မှန်ဖန်တီးထားသည့် စစ်ရေးလေ့ကျင့်မှုများကို ရုတ်တရက်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ကင်ဂျုံအွန်က  လေကြောင်းချီတပ်ဖွဲ့၊  လက်ဖြောင့်တပ်ဖွဲ့များနှင့်  လေကြောင်းနှင့်လေယာဉ်ပစ် အမြောက်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများကို ကြည့်ရှု စစ်ဆေးစဉ်ပြောခြင်း ဖြစ်သည်။ သို့သော် ကင်ဂျုံအွန်သည် အဆိုပါစစ်ရေးလေ့ကျင့်

မှုကို   မည်သည့်အချိန်တွင် သွားရောက်စစ်ဆေး ကြည့်ရှုခဲ့သည်ဟူသော အချက်ကို ဖော်ပြထားခြင်း မရှိပေ။

မြောက်ကိုရီးယားနှင့်  အမေရိကန်တို့ကြား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က ကင်ဂျုံအွန်ကို  နိုဝင်ဘာ  ၁၇  ရက်တွင် ၄င်း၏တွစ်တာ စာမျက်နှာ၌ ရေးသား တိုက်တွန်းထားကြောင်း သိရသည်။

Ref: Reuters, Sputnik

Read 43 times Last modified on Tuesday, 19 November 2019 09:33