SJ WorldNews - шаблон joomla Авто

စပိန်နိုင်ငံ အနောက်ပိုင်း၌ ရှေးဟောင်း နံရံဆေးရေး ပန်းချီများတွေ့ရှိ

Monday, 02 December 2019 12:48 font size decrease font size decrease font size increase font size increase font size

မက်ဒရစ်၊ ရှာဖွေတွေ့ရှိမှု

စပိန်နိုင်ငံအနောက်ပိုင်း၌  နှစ်ပေါင်း ၅၀၀၀  ခန့်ရှိပြီဖြစ်သော  နံရံဆေးရေး ပန်းချီများကို သမိုင်းသုတေသနပညာရှင် အော့စတင် ပါလိုမာက   တွေ့ရှိကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန်သည်။

အော့စတင်ပါလိုမာသည်  ဒေါမန်ဟု ခေါ်သော   ရှေးဟောင်းအုတ်ဂူတစ်ခုကို ရှာဖွေနေစဉ် ယင်းပန်းချီများကိုတွေ့ရှိခြင်း ဖြစ်ပြီး ၎င်းသည် နံရံဆေးရေးပန်းချီအမျိုး အစားကို  နှစ်ပေါင်းများစွာကြာ  လေ့လာ သုတေသန လုပ်ဆောင်လျက် ရှိသည်။

ပုံတို့ဖြင့်သရုပ်ဖော်ထားသော  ယင်း ပန်းချီများသည် အလျားအားဖြင့် ၁၀ စင်တီမီတာဝန်းကျင်ရှိပြီး   ကိန်းဂဏန်းများနှင့် သင်္ကေတများကို ဖော်ပြထားသည်။ ထိုပန်းချီများတွင် နတ်ဘုရားများကို လူသဏ္ဌာန်သွင်း ထားသောပုံများနှင့် အခြားသင်္ကေတများ ပါဝင်သည်။

အော့စတင်ပါလိုမာအပါအ၀င် အခြား ကျွမ်းကျင် ပညာရှင်များသည် ယခုနှစ်အတွင်း ထူးခြားသောတွေ့ရှိမှုများကို   လေ့လာ ဆန်းစစ်လျက်ရှိပြီး ၎င်းတို့ စုံစမ်းစစ်ဆေးမှု အဆုံးသတ်ပြီးနောက်  ယခုတွေ့ရှိမှုဖြစ် လာခြင်းဖြစ် သည်။        Ref: Sputnik

Read 16 times Last modified on Monday, 02 December 2019 12:49