ကွာလာလမ်ပူ၊ သဘာဝဘေး
မလေးရှားနိုင်ငံ တီရင်ဂါနူနှင့် ကီလန်တန်ပြည်နယ်တို့၌ မိုးသည်းထန်စွာဆက် လက်ရွာသွန်းသည့်အတွက် နိုဝင်ဘာ ၃၀
ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးစခန်း များ၌ နေထိုင်ရသူဦးရေ နှစ်ဆတိုးမြင့်လာပြီး လူပေါင်း ၂၆၁၁ ဦးအထိ ရှိလာကြောင်း Bernama သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
တီရင်ဂါနူပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းပေါင်း ၄၀ ၌ နိုဝင်ဘာ ၂၉ ရက် ညတွင် လူပေါင်း ၈၇၅ ဦးရှိရာမှ နိုဝင်ဘာ ၃၀ ရက်တွင် လူပေါင်း ၂၂၉၆ ဦးအထိ တစ် ရှိန်ထိုးမြင့်တက်လာကြောင်း Bernama သတင်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ကီလန်တန်ပြည်နယ်၌လည်း နိုဝင်ဘာ ၂၉ ရက်တွင် ကယ်ဆယ်ရေးစခန်း၌နေထိုင် ရသူ ၁၈၅ ဦးရှိရာမှ နိုဝင်ဘာ ၃၀ ရက်တွင် ၃၁၅ ဦးအထိ တိုးမြင့်လာသည်။
ဆည်မြောင်းဌာနသည် မိုးရေချိန်၊ မြစ် ရေကြီးမှုအမှတ်များနှင့် ရေကြီးနိုင်မှုခန့်မှန်းချက်များကို ၎င်း၏ ၀က်ဆိုက်၌ ထုတ်ပြန် ထားသည်။
မလေးရှားနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်း ဒေသရှိ ပြည်နယ်များသည် နှစ်ကုန်ကာလနှင့် နှစ်သစ်၏ အစောပိုင်း သီတင်းပတ်အတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုများဖြစ်ပွားလေ့ရှိသည်။
မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံးရေကြီးမှုသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၅ခုနှစ် ဇန်န၀ါရီလအတွင်း၌ဖြစ်ပွားသော ရေကြီးမှုဖြစ်ပြီး လူပေါင်း ၂၄ ဦးသေဆုံးကာ နှစ်သိန်းကျော် နေအိမ်စွန့်ခွာထွက်ပြေးရသည်။
Ref: The Straits Times