SJ WorldNews - шаблон joomla Авто

အကြမ်းဖက် တိုက်ခိုက်မှုဖြင့်ပြစ်ဒဏ်ကျခံနေသူများ ထောင်ဒဏ်အပြည့်အ၀ကျခံစေသင့်ဟု ဘောရစ်ဂျွန်ဆင်ပြော

Monday, 02 December 2019 12:50 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး

ဗြိတိန်နိုင်ငံ၌ အကြမ်းဖက်မှုဖြင့်ပြစ်ဒဏ် ကျခံနေသူများကို ထောင်ဒဏ်အပြည့်အ၀ ကျခံစေသင့်ကြောင်း ၀န်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကပြောသည်။

အနရာယ်ရှိပြီး ဆိုးရွားသည့် ရာဇ၀တ်သားများကို ထောင်ဒဏ် လျှော့ပေါ့ပေးကာ သတ်မှတ်ရက်ထက် စော၍ ပြန်လွှတ် ပေးခြင်းသည် ထိရောက်မှုမရှိကြောင်း ဂျွန်ဆင်က နိုဝင်ဘာ ၃၀ ရက်တွင်ပြောသည်။

လန်ဒန်တံတား၌ အကြမ်းဖက်သမား တစ်ဦးက လူအများကို ဓားဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဂျွန်ဆင်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း   လူနှစ်ဦး သေဆုံးပြီး   သုံးဦးဒဏ်ရာရရှိသွားသည်။  ဓားဖြင့်တိုက်ခိုက်သူမှာ အသက် ၂၈ နှစ်ရှိ အူစမန်ခန်း ဆိုသူဖြစ်ပြီး ၎င်းကို အာဏာပိုင် များက အကြမ်းဖက် တိုက်ခိုက်မှုဖြင့် ၂၀၁၃  ခုနှစ်တွင် ထောင်ဒဏ် ၁၆နှစ် ချမှတ် ထားရာမှ ပြီးခဲ့သည့် နှစ်နှောင်းပိုင်းတွင် ပြန်လွှတ် ပေးလိုက်ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အူစမန်ခန်းကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ချေမှုန်းလိုက်ပြီး အသေခံဗုံးခွဲ ခါးပတ်အတု တစ်ခုကိုလည်း ၎င်း၏ ကိုယ်ပေါ်မှ တွေ့ရှိသည်။ အူစမန်ခန်းသည် တိုက်ခိုက်ရာတွင် ဓားနှစ်လက်ကို အသုံးပြုကြောင်း သိရသည်။

 ISစစ်သွေးကြွအဖွဲ့ကမူ ယခုဓားဖြင့် တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ပြီး တိုက်ခိုက်သူမှာ ၎င်းတို့၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: Reuters

Read 12 times Last modified on Monday, 02 December 2019 12:50