SJ WorldNews - шаблон joomla Авто

ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြမှုကို အနုနည်းဖြင့်ရော အကြမ်းနည်းဖြင့်ပါ ဖြေရှင်းမည်

Sunday, 08 December 2019 16:50 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊  ပြည်တွင်းရေး

ဟောင်ကောင် ရဲတပ်ဖွဲ့သည် ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အနုနည်းဖြင့်ရော အကြမ်းနည်းဖြင့်ပါ နည်းလမ်း နှစ်မျိုး စလုံးကို အသုံးပြု၍ ဖြေရှင်း သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့မှ ရဲမင်းကြီး ခရစ်ထန်းက ဒီဇင် ဘာ ၇ ရက်တွင် သတင်းထောက် များကို ပြောသည်။

ဆန္ဒပြ သူများသည် တရားခံကို ပြစ်မှုကျူးလွန်ရာ တရုတ် ပြည်မကြီးသို့ လွှဲပြောင်းမည့် ကိစ္စကိုဆန္ဒပြရာ ဟောင်ကောင် အစိုးရက ပြန်ရုပ်သိမ်း ပေးသော်လည်း   ဒီမိုကရေစီ ရရှိရေးအတွက်    ဆိုးရွားစွာ ဆက်လက် ဆန္ဒ ပြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင်ပြုလုပ်မည့် ဆန္ဒပြမှုကြီး မတိုင်မီ ရဲမင်းကြီးက ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဆန္ဒပြသူများကို ငဲ့ညှာသော အားဖြင့် ထိခိုက်ဒဏ်ရာ မရ ရှိစေရန် ဖြေရှင်းသွားမည် ဖြစ်သော်လည်း အကြမ်းဖက် ဆန္ဒပြပါက ငဲ့ညှာသွားမည် မဟုတ်ဘဲ အကြမ်းနည်းဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ နည်းလမ်းနှစ်မျိုး သုံးခြင်းအားဖြင့် ဆန္ဒပြမှုမှ သည်  ငြိမ်းချမ်းရေးသို့ ရရှိမည်ဟု မျှော်လင့်ကြောင်း ရဲမင်းကြီးက ပြောသည်။

ဟောင်ကောင်ခရိုင် ကောင်စီရွေးကောက်ပွဲများ၌    ဒီမိုကရေစီကို ထောက်ခံသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိပြီး နောက်ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ဆန္ဒပြမှုများ လုပ် ဆောင်ခြင်း မရှိကြောင်း သိရသည်။

ခရစ်ထန်းသည် နိုဝင်ဘာလတွင် ရဲမင်းကြီးအဖြစ် ခန့်အပ်ခံရသည် ယခုအခါ ခရစ်ထန်းသည် တာဝန်ရှိ သူများ နှင့် တွေ့ဆုံရန် ပြည်မသို့ သွားရောက် နေကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့၏ ဒီဇင်ဘာ ၅ ရက် ထုတ် အစီရင်ခံစာ အရ သိရသည်။

Ref: Reuters

Read 37 times Last modified on Sunday, 08 December 2019 17:31