SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား တောမီးကြောင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ဆုံးရှုံး

Thursday, 12 December 2019 10:03 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံ၌   ယခုနှစ်အတွင်း တောမီးလောင်မှုကြောင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ဆုံးရှုံးကြောင်း ကမ္ဘာ့ ဘဏ်၏ ဒီဇင်ဘာ ၁၁ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တောမီးလောင်သည့် ပြည်နယ်ရှစ်ခု၌ ယခုနှစ် ဇွန်လမှ အောက်တိုဘာလ အတွင်းဖြစ်ပွားသော   တောမီးလာင်မှုများအပေါ်အခြေခံ၍ ကမ္ဘာ့ဘဏ် ကထုတ်ပြန် ထားခြင်း ဖြစ်သည်။ အချို့ ဒေသများတွင် တောမီးလောင်မှုသည် နိုဝင်ဘာလအထိ ဆက်လက်ဖြစ်ပွားသည် ဟုသိရသည်။

အဆိုပါ တောမီးကြောင့် ပြည်သူကိုးသိန်း ကျော်မှာ အသက်ရှူကျပ်သည့်ဝေဒနာကိုခံစားရသည့်အပြင် လေယာဉ်ကွင်း ၁၂ ခုမှ လေကြောင်းခရီးစဉ်များကို  ရပ်ဆိုင်းရပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့်စင်ကာပူနိုင်ငံတို့ရှိ စာသင်ကျောင်းများကိုပါ ပိတ်လိုက်ရသည်။

စက်တင်ဘာလတွင်လောင်ကျွမ်းသည့် တောမီးကြောင့် အင်ဒိုနီးရှားနှင့်အိမ်နီးချင်း မလေးရှားတို့ကြား သံတမန်ဆက်ဆံ ရေး တင်းမာမှုများကိုပါ ဖြစ်ပေါ်စေသည်။

ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုများကြောင့်   သစ်တောနှင့် မြေဟက်တာ ကိုးသိန်းခွဲနီးပါး ပျက်စီးသွားရပြီး ၂ဝ၁၅ ခုနှစ် တောမီးလောင်မှုနောက်ပိုင်း  အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိလာသည်။  

တောမီးလောင်မှုများသည် ကာလရှည်ကြာ ပူပြင်းခြောက်သွေ့ မှုကြောင့်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထား သည်။

ယခုနှစ်   ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း   အင်ဒိုနီးရှား တောမီးလောင်မှုမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ မဂ္ဂါ တန် ၇၂ဝ ထွက်ရှိကြောင်း ဥရောပမိုးလေဝသ ခန့်မှန်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Reuters

Read 79 times Last modified on Thursday, 12 December 2019 10:04