SJ WorldNews - шаблон joomla Авто

သမ္မတဒေါ်နယ်ထရမ့်ကို တရားဝင်တရားစွဲဆိုမည်ဟု အမေရိကန်အောက်လွှတ်တော် ကြေညာ

Thursday, 12 December 2019 10:04 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့် ကို တရားဝင်တရားစွဲဆိုမည်ဖြစ်ကြောင်း အောက်လွှတ်တော်က ဒီဇင်ဘာ ၁ဝ ရက်တွင် ကြေညာသည်။ အဆိုပါတရားစွဲဆိုမှုသည် ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ရီပတ်ဘလစ်ကန် ပါတီဦးဆောင် သောအထက်လွှတ်တော်အတွင်း သဘောထားကွဲလွဲစေမည့် သမိုင်းဝင်လှုပ်ရှားမှု တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ယင်းတရားစွဲဆိုမှုနှစ်ခုတွင် ထရမ့်သည် ယူကရိန်းအရေးကို   စုံစမ်းစစ်ဆေးရန်အတွက် ယင်းနိုင်ငံအပေါ် အာဏာအလွဲ သုံးစားလုပ်၍  ဖိအားပေးရန်ကြိုးပမ်းပြီး လွှတ်တော်၏စုံစမ်းစစ်ဆေးမှုကိုဟန့်တားကာ အမေရိကန်ပြည်သူများကို   အယုံ အကြည်မဲ့ အောင်ပြုလုပ်ကြောင်း စွပ်စွဲထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုရန် အတွက် ဒီမိုကရက်တစ်လွှတ်တော်အမတ် အများစုရှိသော အောက် လွှတ်တော် အနေဖြင့် ဆန္ဒမဲခွဲရမည်ဖြစ်သည်။ ထိုကဲ့သို့ဆန္ဒမဲခွဲမှုကို လာမည့် သီတင်းပတ်တွင်ပြုလုပ် မည်ဖြစ်သည်။

ထို့နောက် အထက်လွှတ်တော်အတွင်း တရားစစ်ဆေးမှုစတင်မည်ဖြစ်သည်။ သို့သော် အောက်လွှတ်တော် သို့မဟုတ် အထက် လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်အမတ်များက ထရမ့်ကိုတရားစွဲဆိုမည့် အစီအစဉ်ကို ကြိုဆိုခြင်းမရှိပေ။

သမ္မတဖြစ်စေကာမူ တရားဥပဒေအထက် တွင်မရှိသင့်ကြောင်း အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ   ဂျာရိုးနာဒလာက ထရမ့်ကို   တရားဝင်တရားစွဲ ဆိုမည်ဟု ကြေညာသည့်   သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။ ထရမ့်ကို စစ်ဆေးရာတွင် ဂျာရိုးနာဒလာနှင့်အတူ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီနှင့် အခြား ဒီမိုကရက်တစ် ခေါင်းဆောင်များ ပါဝင်မည်ဟု သိရသည်။

Ref: Reuters

Read 76 times Last modified on Thursday, 12 December 2019 10:05