SJ WorldNews - шаблон joomla Авто

ဥရောပ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့မည်ဟူသော ခြိမ်းခြောက်မှုများ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပယ်ချ

Thursday, 12 December 2019 10:06 font size decrease font size decrease font size increase font size increase font size

ဖနွမ်းပင်၊ ကုန်သွယ်ရေး

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှု အထူးအခွင့်အရေးကို ရပ်တန့်မည်ဟူ သော ဥရောပသမဂ္ဂ၏ခြိမ်းခြောက်မှုကို ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၁ ရက်တွင်ပယ်ချပြီး  ထိုအဖွဲ့မှ ဗြိတိန်နုတ်ထွက်မှုက အရေးယူ ပိတ်ဆို့မှုများကို လျော့ပါးစေမည်ဟု ကဆိုသည်။

ဟွန်ဆန်၏ အစိုးရအနေဖြင့် အတိုက်ခံ အဖွဲ့၊ အရပ်ဘက်အဖွဲ့များနှင့်လူမှုမီဒီယာတို့ကို ထိရောက်စွာနှိမ်နင်းနေသည်ဟု ဥရောပ ကော်မရှင်ကထုတ်ပြန်ပြီးနောက် ကမ္ဘောဒီးယားနှင့် လက်နက်မှလွဲ၍အရာအားလုံး  ကုန်သွယ်ရေး (EBA) အစီအစဉ်ကို ဆိုင်းငံ့မည်ဟု ဥရောပသမဂ္ဂက ခြိမ်းခြောက်ထားသည်။

ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍တုံ့ပြန်ရန် ဒီဇင်ဘာ ၁၂ ရက်အထိ ကမ္ဘောဒီးယားအစိုးရကို   အဆိုပါအဖွဲ့က အချိန် ပေးထား သည်။

ဥရောပသမဂ္ဂက ယင်းအစီအစဉ်ကို ဆိုင်းငံ့ရန်ဆုံးဖြတ်သော်လည်း    ဗြိတိန်အနေဖြင့်  ကမ္ဘောဒီးယားမှ ကုန်ပစ္စည်းများ ကို ဆက်လက်ဝယ် ယူမည်ဖြစ်သောကြောင့် ယင်းအဖွဲ့မှဗြိတိန်နုတ်ထွက်မှုက အဆိုပါ အရေးယူ ပိတ်ဆို့မှုများကို လျော့ပါးစေမည် ဖြစ်ကြောင်း ဟွန်ဆန်ကပြောသည်။

တို့ အနေဖြင့် ဥရောပသမဂ္ဂသို့ တင်ပို့သည့် ပို့ကုန် စုစုပေါင်းအနက် အများစုကို အင်္ဂလန်သို့ တင်ပို့ရသောကြောင့် Brexit ဖြစ်စဉ်ကို စောင့်ကြည့်နေကြောင်း ဟွန်ဆန်က ဆိုသည်။

ဗြိတိန်အနေဖြင့်  ဥရောပ သမဂ္ဂမှ နုတ်ထွက်ပြီးနောက် စီးပွားရေး ဆက်လက် ကောင်းမွန်နေမည်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံမှ အော်ဒါများကိုလည်း ပိုမိုမှာယူနိုင် မည်ဖြစ်ကြောင်း ကပြောသည်။

ကမ္ဘောဒီးယား နိုင်ငံသည် ဥရောပ သမဂ္ဂသို့ ၏ ပို့ကုန်ထက်ဝက် နီးပါးကိုတင်ပို့ရပြီး ဂျာမနီနိုင်ငံက ၎င်းနိုင်ငံ၏ အကြီး ဆုံး ပို့ကုန် ဈေးကွက်ဖြစ်ကာ ဗြိတိန်နိုင်ငံကဒုတိယအကြီးဆုံးဖြစ်သည်။

ထို့ပြင်  ကမ္ဘောဒီးယားက ဂျာမနီသို့ အကြမ်းဖျင်းအားဖြင့် ပို့ကုန် ၁၁ ရာခိုင်နှုန်းတင်ပို့ရပြီး ဗြိတိန်သို့ ၈ ရာခိုင်နှုန်းတင်ပို့ ရကြောင်း သိရသည်။

Ref: CAN

 

Read 69 times Last modified on Thursday, 12 December 2019 10:06