Print this page

အီရန်နိုင်ငံ၏ တစ်ဦးတည်းသော အမျိုးသမီး အိုလံပစ်ဆုရှင် နိုင်ငံကိုစွန့်ခွာ

Tuesday, 14 January 2020 09:50 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံ၏တစ်ဦးတည်းသော အမျိုးသမီးအိုလံပစ်ဆုရှင်သည် ၄င်းအနေဖြင့် မွေးရပ်မြေ အီရန်နိုင်ငံကို စွန့်ခွာသွားပြီဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂ဝ၁၆ ခုနှစ် ရီယိုအိုလံပစ် အားကစားပွဲ၌ တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ ကီမီယာအလီဇာဒီက  ၄င်းသည်အာဏာပိုင်များ၏   ဝါဒဖြန့်ချိရေးတွင် အသုံးချခံဖြစ်နေရသည့်အတွက် မွေးရပ်မြေကို စွန့်ခွာပြီး ဥရောပသို့ ပြောင်းရွှေ့ ခိုလှုံခြင်း ဖြစ်ကြောင်း အင်စတာဂရမ်၌ ရေးထားသည်။

၎င်းကို ဥရောပသို့လာရန် မည်သူကမျှ ဖိတ်ခေါ်ခြင်း မဟုတ်ကြောင်း၊ သူတော်ကောင်းဟန်ဆောင်ခြင်း၊   လိမ်ညာခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် မြှောက်ပင့်ခြင်းတို့၏ တစ်စိတ်တစ်ပိုင်း မဖြစ်လိုသည့်အတွက် နာကျင်မှုကိုထွေးပိုက်ကာ မွေးရပ်မြေကို စွန့်ခွာရခြင်း ဖြစ်သည်ဟု ကီမီယာအလီဇာဒီက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် နှစ်နိုင်ငံသား ခံယူထားသည့်   အီရန်နိုင်ငံသား အများအပြား အပါအဝင် လူ ၁၇၆ ဦးပါ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို အီရန်စစ်ဘက်က  မှားယွင်း ပစ်ချမိသည့်အတွက် ပြည်သူများက ဆန္ဒပြနေစဉ် အမျိုးသမီးအိုလံပစ်ဆုရှင်၏ နေရပ်စွန့်ခွာမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လများစွာကလည်း ကီမီယာအလီဇာဒီနည်းတူ စစ်တုရင်ချန်ပီယံ အလီရီဇာဖီရော့ဂျာနှင့်  ဂျူဒိုချန်ပီယံ ဆာအိမိုလေအီတို့မှာ အီရန်အစိုးရ၏ လက်အောက်မှ လွတ်မြောက်စေရန်အတွက် ပြည်ပြောင်း ခိုလှုံသွားကြောင်း သိရသည်။

Ref:Reuters

Read 38 times Last modified on Tuesday, 14 January 2020 09:51