SJ WorldNews - шаблон joomla Авто

မီးတောင်ပြာများကြောင့် မနီလာမြို့ရှိ စာသင်ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းများ ပိတ်ထားရ

Tuesday, 14 January 2020 09:51 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံ၌ မီးတောင်မှပြာမှုတ်ထုတ်ခြင်းကြောင့် မနီလာမြို့တစ်ဝန်းရှိ စာသင်ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်တွင် ပိတ်ထားရကြောင်း သိရသည်။

မနီလာမြို့လယ်မှ တောင်ဘက် ၄၅ မိုင်အကွာရှိ တားမီးတောင်သည် ပြာများကို ဒုတိယနေ့အဖြစ် ဆက်လက်မှုတ်ထုတ်ရာ မီးတောင်အနီးတစ်ဝိုက်ရှိ ဒေသခံများစွာမှာ ၄င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ဘေးကင်းရာသို့ရွှေ့ပြောင်းရသည်။  မီးတောင်သည် အချိန်မရွေးပေါက်ကွဲနိုင်သည့် အခြေအနေရှိပြီး မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်တည်ရှိရာ   ရေကန်အတွင်း၌ ဆူနာမီလှိုင်းရိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း တာဝန်ရှိသူများက  သတိပေးသည်။

လက်ရှိတွင် အာဏာပိုင်များက မီးတောင်တည်ရှိရာကျွန်းမှ ဒေသခံ ၁၆ဝဝဝ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားသော်လည်း အချို့ခရီးသည်များမှာ အစိုးရ၏ သတိပေးချက်ကို လျစ်လျူရှုကာ မီးတောင်ကို သွားရောက် ကြည့်ရှုသည်။

 Ref: Reuters

Read 23 times Last modified on Tuesday, 14 January 2020 09:52