SJ WorldNews - шаблон joomla Авто

တိရစ္ဆာန်စားကျက်မြေများကို သြစတြေးလျက ဒေါ်လာ ၃၄ သန်းကျော် သုံးစွဲပြုပြင်မည်

Tuesday, 14 January 2020 09:52 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်းရှိ တောမီးလောင်မှုကြောင့်ပျက်စီးသွားသည့် တောရိုင်းတိရစ္ဆာန်များ၏ စားကျက်မြေများကို ဒေါ်လာ ၃၄ သန်းခွဲသုံးပြီး ပြုပြင်ကာကွယ်သွားမည်ဟု သြစတြေးလျ ဘဏ္ဍာရေးဝန်ကြီး   ဂျော့ဖရိုင်ဒင်ဘာ့က ဇန်နဝါရီ ၁၃ ရက်တွင်ပြောသည်။

အစိုးရအနေဖြင့်   အဆိုပါ လုပ်ငန်းအတွက်    ကနဦးရင်းနှီးမြှုပ်နှံမှုများကို လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများနှင့်အတူ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဂျော့ဖရိုင်ဒင်ဘာ့က ဆက်ပြောသည်။

နိုင်ငံအတွင်း၌  တောမီးလောင်မှုများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်ဖြစ်ပွားခြင်း ဖြစ်ပြီး ထို့နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။ တောမီးလောင်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး လူနေအိမ် ၂ဝဝဝ ကျော်ပျက်စီးသည့်အပြင် တိရစ္ဆာန်အကောင်ရေ ၁ ဘီလီယံကျော် သေဆုံးထားသည်။

အစိုးရသည် ဆက်လက်လောင်ကျွမ်းနေသော  တောမီးများကို လေယာဉ်များ အသုံးပြုငြှိမ်းသတ်လျက်ရှိပြီး နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းရှိ  ပြည်သူများကို ဘေးကင်းရာသို့  ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ရေတပ်မှ စစ်သည်များကို အဆိုပါ ဒေသသို့ ပို့ဆောင်ပေးထားသည်။

Ref: Sputnik

Read 52 times Last modified on Tuesday, 14 January 2020 09:53