SJ WorldNews - шаблон joomla Авто

တားမီးတောင်မှ သုံးရက်မြောက် အဖြစ် ချော်ရည်နှင့် ပြာများမှုတ်ထုတ်၊ လူ ၃ဝဝဝဝ ကျော် ဘေးကင်းရာ ရွှေ့ပြောင်း

Wednesday, 15 January 2020 12:20 font size decrease font size decrease font size increase font size increase font size

တာဂေတေ၊ မီးတောင်ပေါက်ကွဲမှု

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အနီးရှိ တားမီးတောင်သည် ဇန်နဝါရီ ၁၄ ရက်တွင် သုံးရက်မြောက်အဖြစ် ချော်ရည်နှင့် ပြာများ မှုတ်ထုတ်ကြောင်းနှင့် ဒေသခံ ၃ဝဝဝဝ ကျော်မှာ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီး တာဝန်ရှိသူများက သတိပေး ချက်များ ထုတ် ပြန်ထားကြောင်း သိရသည်။

မီးတောင်မှပြာများ အဆက်မပြတ်မှုတ် ထုတ်မှုကြောင့် အနီးရှိကျေးရွာများ၌ ပြာများဖုံးလွှမ်းသည့်အပြင် ဒေသခံများ ကလည်း ဘေးကင်းရာသို့ရွှေ့ပြောင်းနေရသည်။

အဆိုပါတားမီးတောင်သည် ဇန်နဝါရီ၁၂ ရက်တွင် အသံမြည်လာပြီးနောက် ဆက်လက် လှုပ်ရှားလာခြင်းဖြစ်သည်။

မီးတောင်လှုပ်ရှားမှုနှင့်အတူ ကမ္ဘာ့မြေလွှာ အောက်တွင်ရှိသော  ချော်ရည်ပူများက မီးတောင်ဝအထိ မြင့်တက်လာ ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့်   မြေငလျင်ပညာ လေ့လာရေးအဖွဲ့ကပြောသည်။

ချော်ရည်ပူများသည် အန္တရာယ် အဆင့် (၄)အထိ မြင့်တက်လာသည့်အတွက်  မီး တောင်ပေါက်ကွဲမှုသည် နာရီများ စွာ အတွင်း ဖြစ်ပေါ်နိုင်ကြောင်းနှင့် မီးတောင်ပေါက်ကွဲပါက အမြင့်ဆုံး သတိပေးချက် အဆင့် (၅)အထိ ရောက်ရှိ နိုင် ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တားမီးတောင်မှမှုတ်ထုတ်လိုက်သည့် ချော်ရည်ပူများသည် အမြင့်မီတာ ၅ဝဝ အထိရောက်ရှိပြီး ပြာများမှာ ၂ ကီလိုမီတာအထိ ရောက်ရှိကာ မီးတောင်နှင့်အနီးဝန်းကျင်တွင် ငလျင် ၂ဝဝကျော် လှုပ်ခတ်သွားကြောင်း သိရသည်။

ထို့ကြောင့် ဘာတန်ဂက်နှင့် ကာဗိုက် ပြည်နယ်တို့မှ ဘေးကင်းရာ ရွှေ့ပြောင်းသူ ၃ဝ၄ဝဝ ကျော်ရှိကြောင်း တာဝန်ရှိ သူများ ၏ပြောဆိုချက်အရ သိရသည်။

Ref: AP

Read 58 times Last modified on Wednesday, 15 January 2020 12:21