SJ WorldNews - шаблон joomla Авто

တရုတ်က ဝူဟန်နမိုးနီးယား သတင်းအမှန်များ ထုတ်ပြန်နေဟု ထရမ့်ယုံကြည်

Friday, 24 January 2020 10:58 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ဖြစ်ပွားနေသည့် ဝူဟန်နမိုးနီးယားရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ တရုတ်အစိုးရက သတင်းအမှန်များ ထုတ်ပြန်နေသည်ဟု ယုံကြည်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

တရုတ်သမ္မတနှင့် အစိုးရအဖွဲ့အနေဖြင့် ကမ္ဘာ့နိုင်ငံများ သိသင့်သည့် သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်မည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ရောဂါပိုးကူးစက်မှုကို အမေရိကန်နိုင်ငံ၌ လုံးဝထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ ခရီးသွားရာမှ ပြန်ရောက်လာသည့် အမေရိကန်နိုင်ငံသား တစ်ဦးသည် ဝူဟန်နမိုးနီးယားရောဂါပိုး ကူးစက်ခံရသည့် လက္ခဏာများပြကြောင်း အမေရိကန်တာဝန်ရှိသူများက အစောပိုင်းတွင် ထုတ်ပြန်သည်။

ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရသည် ကယ်လီဖိုးနီးယားနှင့် နယူးယောက်ပြည်နယ်တို့ရှိ လေဆိပ်များသို့ ဝင်ရောက်လာသည့် ခရီးသည်များကို စောင့်ကြည့်စစ်ဆေးမှုများ လုပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်(တိုင်ပေ)တို့တွင်လည်း အဆိုပါ ရောဂါပိုးကူး စက်ခံရသူများကို တွေ့ရှိထားသည်။ လက်ရှိတွင် လူ ၅ဝဝ ကျော် ရောဂါပိုးကူးစက် ခံနေရပြီး  ၁၇ ဦး သေဆုံးထားကြောင်း သိရသည်။

Ref: Sputnik

Read 36 times Last modified on Friday, 24 January 2020 11:02