SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲသော်လည်း အမေရိကန်က နျူကလီးယား ကင်းစင်ရေး ဆက်လုပ်မည်

Friday, 24 January 2020 10:59 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားအစိုးရက နိုင်ငံခြားရေး ဝန်ကြီးပြောင်းလဲခန့်အပ် လိုက်သော်လည်း နျူကလီးယား ကင်းစင်ရေး ဆောင်ရွက်ချက်များကို ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက   ဇန်နဝါရီ ၂၂ ရက်တွင် ပြောသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရီယောင်ဟိုနေရာတွင် အစားထိုးခံရသည့် ရီဆုန်ဂွမ်သည် လက်ရှိ ရပ်ဆိုင်းနေသော   နျူကလီးယား ဆွေးနွေးပွဲများနှင့် ပတ်သက်၍  သဘောထားတင်းမာသူ ဖြစ်သည်။

ထို့ကြောင့်     မြောက်ကိုရီးယားရှိ နျူကလီးယားလက်နက်များကို  ဖျက်သိမ်းရေးနှင့် ပတ်သက်၍    အမေရိကန်နှင့် ဆွေးနွေးပွဲအပေါ် မည်ကဲ့သို့ချဉ်းကပ်မည်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  အဆိုပါအရာရှိကြီးက  ထုတ်ဖော်ခန့်မှန်းထားခြင်း မရှိပေ။

သို့သော်   ဆွေးနွေးပွဲသည်   မကြာမီ ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း၊ ထိုဆွေးနွေးပွဲသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ကြား    သဘောတူညီမှု တစ်စိတ်တစ်ပိုင်း၏ တိုးတက်မှုဖြစ်ကြောင်း အမည်မဖော်လိုသူ   အဆိုပါ အရာရှိကြီးက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံကြား ဆွေးနွေးမှုများမှာ  အဆင်မပြေမှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန် အစိုးရအနေဖြင့် ထရမ့်၏ မူဝါဒနှင့်အညီ ကိုရီးယားကျွန်းဆွယ်တွင်    နျူကလီးယား ကင်းစင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လုပ်သွားရန် ရည်ရွယ်ထားသည်ဟု   ပြောထားကြောင်း သိရသည်။            

Ref: NY Times

Read 43 times Last modified on Friday, 24 January 2020 10:59