SJ WorldNews - шаблон joomla Авто

ကမ္ဘာဦးဗိုင်းရပ်များကို တိဗက်ရေခဲမြစ်မှ တွေ့ရှိ

Friday, 24 January 2020 10:59 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံမှ   သိပ္ပံပညာရှင်များသည် တိဗက်ကုန်းပြင်မြင့်ဒေသရှိ နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိ ရေခဲမြစ်အတွင်းမှ ရေခဲများကို ရယူစစ်ဆေးမှုများ လုပ်ဆောင်ရာ ဗိုင်းရပ် ၃၃ မျိုးတွေ့ရှိကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

သို့သော် ထိုဗိုင်းရပ် ၃၃ မျိုးအနက် ၂၈ မျိုးမှာ  တစ်ခါမျှမမြင်ဘူးသည့်  ကမ္ဘာဦးဗိုင်းရပ်များ ဖြစ်ကြောင်း ထိုသိပ္ပံပညာရှင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပူနွေးလာသော ယနေ့ကမ္ဘာကြီးတွင် ရေခဲမြစ်များ အရည်ပျော်လာပြီး ထိုရေခဲများအတွင်း ပိတ်မိနေသည့် ဗိုင်းရပ်များက ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များကသတိပေးထားသည်။

ထိုသို့သောဗိုင်းရပ်များ ထွက်ပေါ်လာခြင်းကြောင့် တစ်ဖက်က ကမ္ဘာကြီး၏ ပြီးခဲ့သည့် ရာသီဥတု အခြေအနေများကို လေ့လာနိုင်မည်ဖြစ်သည်။  သို့သော်  ကျန်တစ်ဖက်တွင်မူ အဆိုးဆုံးအနေဖြင့် ထိုဗိုင်းရပ်များက  ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာနိုင်ကြောင်း ၄င်းတို့က ပြောသည်။     

Ref: Sputnik

Read 44 times Last modified on Friday, 24 January 2020 11:00