SJ WorldNews - шаблон joomla Авто

ဝူဟန်ဒေသခံ ပြည်သူများက ထောက်ပံ့မှုများ တောင်းဆို

Friday, 24 January 2020 11:00 font size decrease font size decrease font size increase font size increase font size

ဝူဟန်နမိုးနီးယားရောဂါ ဖြစ်ပွားသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို အဝင်အထွက် ပိတ်ပြီးနောက် အကူအညီများပေးရန်နှင့် အစားအစာများ ထောက်ပံ့ပေးရန် ဝူဟန်ဒေသခံ ပြည်သူများက တောင်းဆိုလိုက်ကြောင်း သိရသည်။

ဝူဟန်နမိုးနီးယား ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဝူဟန်ဒေသခံများကို မြို့ပြင်မထွက်ရန် တိုက်တွန်းပြီးနောက် ဝူဟန်မြို့ကို ပြေးဆွဲနေသော လေကြောင်းလိုင်းများနှင့် မီးရထားလိုင်းများကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေး အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၌ အသုံးပြုသည့် တွစ်တာကဲ့သို့ ဝေဘိုလူမှု ကွန်ရက်စာမျက်နှာမှနေ၍ ထောက်ပံ့ပေး ရန်တောင်းဆိုချက်စာလွှာ  သန်း  ၅၁ဝ ထက်မနည်းကို ဖတ်လိုက်ရကြောင်း သိရသည်။

ဒေသခံများ အနေဖြင့် အပြင်ထွက်ခြင်း ရှောင်ရှားရန်၊ ပိုးသတ်ဆေး အသုံးပြုရန်နှင့် နှာခေါင်းစည်းတပ်ရန် ဝေဘိုအသုံးပြုသူ တစ်ဦးက ပြောထားသည်။

သို့သော် ပိုးသတ်ဆေးနှင့် အစားအစာများ ပြတ်လပ်နေကြောင်း၊ ၄င်းတို့အနေဖြင့် ထိုအရာများ  ပိုလိုအပ်နေသည့် အတွက် အကူအညီများ   အမှန်တကယ် လိုအပ်ကြောင်း  ဝေဘိုအသုံးပြုသူတစ်ဦးက ပြောသည်။ ဝူဟန်မြို့၌ နှာခေါင်းစည်း လုံလောက်မှု မရှိသည့်အပြင် နှာခေါင်းစည်းနှင့် အစားအစာဝယ်ယူရန် ဈေးနှုန်းများ မြင့်တက်နေ သည့်အတွက် ဝူဟန်ဒေသခံ ပြည်သူအချို့က  ထောက်ပံ့မှုများ ပေးရန်  အစိုးရကို တောင်းဆိုကြကြောင်း သိရသည်။

Ref: The Straits Times

Read 47 times Last modified on Friday, 24 January 2020 11:01