SJ WorldNews - шаблон joomla Авто

ဗြိတိန်သိပ္ပံ ပညာရှင် အဖွဲ့က နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ကြွက်များတွင်စမ်းသပ်

Wednesday, 12 February 2020 14:08 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်သိပ်္ပံပညာရှင်အဖွဲ့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် ကြွက်များတွင်စမ်းသပ်ကြောင်း သိရသည်။

ထိုဗိုင်းရပ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းရသည့် ရည်ရွယ်ချက်မှာ ယခုနှစ် ကုန်ပိုင်းအရောက်တွင် အဆိုပါဗိုင်းရပ်ကို လုံးဝ ထိန်းချုပ်နိုင်ရန်ဖြစ်ကြောင်း အင်ပီရီ ယယ်ကောလိပ်မှ သုတေသီများက ပြောသည်။

ကာကွယ်ဆေးထိုးထားသော ကြွက်များသည် ကိုရိုနာဗိုင်းရပ်ကို တုံ့ပြန်နိုင်ခြင်းရှိ၊ မရှိ လာမည့်သီတင်းပတ်အတွင်းသိရမည် ဖြစ်ကြောင်း သုတေသီပေါ မကာကေက AFP  သတင်းဌာနသို့ပြောသည်။

ကမ်္ဘာတစ်ဝန်းရှိ သိပ်္ပံပညာရှင်များသည် ကူးစက်မြန်ပြင်းထန်နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်နိုင်ရေးအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်း လျက်ရှိသည်။

ကာကွယ်ဆေးထုတ်လုပ်မှုအောင်မြင် ခြင်းရှိ၊  မရှိမှာ  မသေချာသေးကြောင်း၊  ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြွက်များကို စမ်းသပ် ထိုးပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ကောလိပ်က ထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူး စက်ခံရသူ ရှစ်ဦးရှိပြီး ဘရိုက်တန်မြို့အရှေ့တောင်ဘက်ရှိ ဆေးရုံတစ်ရုံ၌ ၀န်ထမ်းနှစ်ဦး တွင် အဆိုပါရောဂါဗိုင်းရပ် ကူးစက်ခံရကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် ယင်းဆေးရုံရှိ ဌာနခွဲနှစ်ခုကို ပိတ်ထားရကြောင်း သိရ သည်။

Ref: The Straits Times

Read 37 times Last modified on Wednesday, 12 February 2020 14:11