SJ WorldNews - шаблон joomla Авто

တရုတ်၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ယခုလအတွင်း အမြင့်ဆုံးအထိ ရောက်ရှိနိုင်ဟု ဆို

Wednesday, 12 February 2020 14:11 font size decrease font size decrease font size increase font size increase font size

ကွမ်ကျိုး၊ ကျန်းမာရေး

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုမှာ ယခုလအတွင်း အမြင့်ဆုံးအခြေ အနေအထိရောက်ရှိနိုင်ပြီး   နောက်ပိုင်း တွင် ကူးစက်ပျံ့နှံ့မှုမှာ တန်းသွားနိုင်ကြောင်း အစိုးရအဖွဲ့မှ ထိပ်တန်းကျန်းမာရေးအကြံ ပေးတစ်ဦးကပြောသည်။

အချို့ပြည်နယ်များတွင် ဗိုင်းရပ်ထပ်မံ ကူးစက်ခံရမှုနှုန်းကျဆင်းနေပြီဖြစ်သဖြင့် အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၂၀၀၃ ခုနှစ်တွင်ဖြစ်ပွားသည့် ဆား(စ်)ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံ တကာမှ အသိအမှတ်ပြုခံရသည်အထိ ကျော်ကြားသူ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရှင် ရှုံနန်ရှန်းက ၽြနကအနမ် သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်း ခန်း၌ပြောသည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုမှာ ယခုလအတွင်း အမြင့်ဆုံးအခြေအနေ   ရောက်ရှိနိုင်ကာ  အစိုးရ၏ ရောဂါကာကွယ်ရေးနှင့်ကုသမှု ဆိုင်ရာ လုပ်ငန်းစဉ်များကြောင့် နောက်ပိုင်း တွင် ကူးစက်ပျံ့နှံ့မှုနှုန်းလျော့ကျနိုင်ကြောင်း  ရှုံနန်ရှန်းက    ပြီးခဲ့သည့်ရက်ပိုင်း အတွင်း  တိုးတက်လာမှုများအပေါ် အခြေခံ၍ ခန့်မှန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုင်းရပ်ကို စတင်တွေ့ရှိသည့် ၀ူဟန်မြို့ ၌ ကန့်သတ်ထိန်းချုပ်မှု စီမံချက်များကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ၌ သားရဲတိရစာန်ရောင်းဝယ်မှုကို ခေတတားမြစ်ထားသင့်ကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်ပြည်မကြီးမှာပင် ဖေဖော်ဝါရီ ၉ ရက်တွင် နောက်ထပ်ရောဂါကူးစက်ခံရသူ ၃၀၆၂ ဦးရှိသော်လည်း ဖေဖော်ဝါရီ ၁၀  ရက်တွင်မူ နောက်ထပ်ကူးစက်ခံရသူ ၂၄၇၈ ဦးသာရှိလာသည်။  

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်အထိ သေဆုံး သူအရေအတွက်မှာ ၁၀၁၆ ဦးနှင့် ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်းမှာ ၄၂၆၃၈ ဦးအထိ ရှိလာကြောင်း သိရသည်။

စက်ရုံ၊  အလုပ်ရုံများကို  ပိတ်ထားရ သောကြောင့် စီးပွားရေးကဏ္ဍမှာ ကသောင်းကနင်းဖြစ်လာသည်။  

Ref: The Straits Times

Read 44 times Last modified on Wednesday, 12 February 2020 15:26